
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှုမှာ ၂၀၁၂ ခုနှစ်က ထက် ၈၅ မှ ၉၅ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်ဆိုင်ရာ သီးခြားဆန်းစစ်လေ့လာမှုမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်ဆိုင်ရာ သီးခြားဆန်းစစ်လေ့လာမှု စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ငှက်ဖျားရောဂါ ဖြစ်ပွားမှုမှာ ၂၀၁၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၈၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ငှက်ဖျားရောဂါ ကြောင့် သေဆုံးမှုမှာလည်း ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း ငှက်ဖျားရောဂါ အမြစ်ပြတ်ကင်းစင်ပပျောက်ရေးရည်မှန်းချက်များ ပြည့်မီစေရန်အတွက် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့်ငှက်ဖျားရောဂါတိုက်ဖျက်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) ကို ချမှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ငှက်ဖျား ရောဂါကင်းစင်ပပျောက်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၂၅) ကိုလည်း ရေးဆွဲချ မှတ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ငှက်ဖျားကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်း သိရသည်။
“ငှက်ဖျားရောဂါဖြစ်ပွားမှုက ၂၀၁၆ ခုနှစ်မှာ ၁ဒသမ ၁ သိန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၆၈၀၀၀ ပဲရှိတော့တယ်။ ပြီးခဲ့တဲ့နှစ်က ငှက်ဖျားကြောင့် သေဆုံးသူက တစ်နိုင်ငံလုံးမှာ ၁၄ ဦးသာရှိခဲ့ပြီး ငှက်ဖျားကင်းစင်ရေး ရည်မှန်းချက်ကို ရရှိအောင် ဆောင်ရွက်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါး ငှက်ဖျားရောဂါနဲ့ ပိုးသတ်ဆေးယဉ်ပါးတဲ့ ငှက်ဖျားခြင် မတွေ့ရှိရသေးပါဘူး။ ဆေးစိမ်ခြင်ထောင်တွေကို ၂၀၁၇ ခုနှစ်က ၄ ဒသမ ၉ သန်း ဖြန့်ဝေခဲ့ပြီး ဒီနှစ်မှာ ခြောက်သန်းလောက် ဖြန့်ဝေမှာဖြစ်ပါတယ်” ဟု ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ငှက်ဖျားရောဂါဖြစ်ပွားမှု ရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ငှက်ဖျားရောဂါဖြစ်ပွားနှုန်းမှာ ၂၀၁၂ ခုနှစ်ဖြစ်နှုန်း၏ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ယခင်က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ခြောက်သိန်းခန့်ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စာရင်းများအရ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာပြီး လက်ရှိ လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်းဖြစ်ပွားလျက်ရှိရာ သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၀ ဒသမ ၀၄ ရာခိုင် နှုန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ ကျော် ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်