
၂၀၁၈-ခုနှစ်မိုးကာလ စံချိန်တင်မိုး ရွာသွန်းမူကြောင့် မော်လမြိုင်သမိုင်းဝင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်၏ အရှေ့ဘက်ကုန်းတော် ပြိုကျမှုကိုကျပ်သိန်း ၁၈၀၀၀ ခန့်နှင့် တင်ဒါအောင် Right Tunnelling Myanmar ကုမ္ပဏီက၊ ယခုနှစ်ဖေဖော်ဝါရီမှစ၍ ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်ရာ၊ အရှေ့ဘက်ကုန်းတော် ရာခိုင်နှုန်း ၉၀ ပြီးစီးကာ အနောက်ဘက်ကုန်းတော်ပြင်ဆင်မူကို ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ဆောင်ရွက် နေကြောင်း၊ ကျိုက်သလ္လံဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
“အခုလုပ်နေတာ စေတီတော်ကြီးရဲ့ အနောက်ဘက်ကုန်းတော်ကြီးပေါ့။ အနောက်ဘက်စောင်းတန်းရဲ့ ဒီဘက်ကို ဇုန်-၄ အပိုင်း-၁၊ စောင်းတန်းရဲ့ ဟိုဘက်ကိုဇုန်-၄ အပိုင်း-၂၊ အခုဒီဘက်ကိုဇုန်-၄ အ ပိုင်း-၁ ကို မြေညှိနေတယ်။ တစ်ရက် နှစ်ရက်ဆိုပြီးမယ်။ ပြီးရင် ကွန်ကရစ်လုပ်ငန်းတွေ ဆက်ဝင်မှာပေါ့” ဟု ဥက္ကဋ္ဌဦးမြင့်ဦး (ကျိုက်သလ္လံဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့)က ပြောကြားသည်။
ဆက်လက်ပြောကြားရာ ပြင်ဆင်မှုတွင် ဇုန်-၁၊ ၂၊ ၃၊ ၄ သတ်မှတ်ထားရာ၊ အရှေ့ဘက်ကုန်းတော်ဇုန်- ၁ က ရာခိုင်နှုန်း ၉၀၊ ဇုန်- ၂ က ရာခိုင်နှုန်း ၇၀ ခန့် ပြီး၍၊ ယခု ဇုန်-၄ ကို စလုပ်နေကာ၊ ဇုန်-၃ ကို လုပ်ကိုင်ခြင်း မရှိသေးကြောင်း၊ ကုန်းတော်ပြင်ဆင်မူအား လုံးကို ပွင့်လင်းရာသီတွင် အပြီးလုပ်မည်ဖြစ်ကြောင်း ဦးမြင့်ဦးက ပြောကြားသည်။
ကုန်းတော်တစ်ခုလုံး ပြင်ဆင်မူတွက် ဘဏ္ဍာငွေအခြေအနေမှာ စာရင်းများကို အစိုးရအဖွဲ့တွင် ထိန်းသိမ်းထားရာ နိုင်ငံတော်၏ ပံ့ပိုးလှူဒါန်းမှု ကျပ်သိန်း ၁၅၀၀၀ ရှိ မည်ခန့်မှန်း၍ မိမိတို့ဂေါပကအဖွဲ့က ကျပ်သိန်း ၁၃၀၀ ခန့် ထည့်ဝင်ထားပြီး၊ ဘုရားကြီး၏ သက်တမ်း ၂၃၀၀ ကျော်၊ ကုန်းမြေတွင် တည်ရှိရာ၊ ပြင်ဆင်မူဇုန်အလိုက် အဟောင်းတို့ ကိုဖြိုဖျက်ရာ၊ ဆက်စပ်ပြိုလိုက်ပါမှု တို့ကိုပါ တစ်ပါတည်း ခိုင်ခံ့မှုရှိစေရန်၊ မြန်မာနိုင်ငံတွင်မရှိသေးသည့် မြေအောက်ဘိုးပိုင်ရိုက်သွင်းထိန်းသိမ်းမှုပါ ပြုလုပ်နေရာ၊ ကုန်ကျမူသည် မူလခန့်မှန်းထားသည်ထက် ပိုနိုင်သည့်အတွက် အလှူငွေများ ထည့်ဝင်ကုသိုလ်ယူကြရန် တိုက်တွန်းလိုကြောင်း ဦးမြင့်ဦးကပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်