Top News

ဘိုင်ယန်မြူးနစ်၊ အင်္ဂလန်တို့နှင့်အတူ အဓိကဆုဖလားများ ရယူရန်ရည်မှန်းနေပြီး အနာဂတ်တွင် Ballon d'Or ဆု ရယူနိုင်မည်ဟု ဟာရီကိန်း ယုံကြည်နေ
24htopnews | January 14, 2025 4:12 PM CST

ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် ကလပ်အသင်း၊ နိုင်ငံလက်ရွေးစင်အသင်းများနှင့်အတူ အဓိကဆုဖလားများ ရယူရန်ရည်မှန်းနေပြီး အနာဂတ်တွင် ၎င်းအနေဖြင့် Ballon d'Or ဆုကို ရယူနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဥရောပတွင် ခြေစွမ်းတစ်သမတ်တည်းအရှိဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အင်္ဂလန်နှင့် ဂျာမနီတို့တွင် ဂိုးသွင်းစံချိန်များစွာ တင်နိုင်ခဲ့သည်။

၎င်းသည် တစ်ကိုယ်တော်စွမ်းဆောင်မှုကြောင့် တစ်ဦးချင်းဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သော်လည်း  ကစားသမားဘဝတွင် လက်ရှိအချိန်ထိ ကလပ်အသင်း၊ နိုင်ငံလက်ရွေးစင်အသင်းများနှင့်အတူ ဆုဖလားများ ရယူနိုင်ခြင်းမရှိသေးပေ။

ဟာရီကိန်းသည် ၂၀၂၃ နွေရာသီတွင် ဆုဖလားများ ရယူနိုင်ရန်အတွက် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ပေါင်သန်း (၁၀၀) ဖြင့် ပြောင်းရွှေ့ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ဘိုင်ယန်မြူးနစ်အသင်းမှာ ဖလားလက်မဲ့ဖြစ်ခဲ့သဖြင့် ဟာရီကိန်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဟာရီကိန်းသည် ယခုရာသီ ပြိုင်ပွဲစုံ (၂၁) ဂိုးအထိ သွင်းယူထားပြီး ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ဘွန်ဒစ်လီဂါအမှတ်ပေးဇယားကို (၄) မှတ်ဖြတ်ကာ ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်တွင်လည်းနောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။

ထို့ကြောင့် ဟာရီကိန်းက ၎င်းအနေဖြင့် အနာဂတ်တွင် Ballon d'Or ဆု ရယူနိုင်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

ဟာရီကိန်းက ''တစ်နေ့ Ballon d'Or ဆုကို ကျွန်တော် ရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့စွမ်းဆောင်မှုက Ballon d'Or ဆန်ခါတင်စာရင်းမှာပါဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ကစားနေတဲ့ အင်္ဂလန်နဲ့ ဘိုင်ယန်က ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အသင်းတွေပါ။ ကျွန်တော် ခြေစွမ်းပြပြီး ကျွန်တော့်အသင်းတွေက ဆုဖလားကြီးတွေရရင် ကျွန်တော်လည်း Ballon d'Or ရမှာပါ''ဟု ဆိုခဲ့သည်။ 


READ NEXT
Cancel OK