
တရုတ်နိုင်ငံသား သရုပ်ဆောင်မော်ဒယ်တစ်ဦး ထိုင်း - မြန်မာ နယ်စပ်တွင် ထပ်မံပျောက်ဆုံး
ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောင်မြို့ နှင့် မြန်မာနိုင်ငံ မြဝတီမြို့အကြားတွင် တရုတ်နိုင်ငံသား သရုပ်ဆောင်မော်ဒယ်တစ်ဦး ထပ်မံပျောက်ဆုံးနေကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။
တရုတ်နိုင်ငံသား သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်သူ Yang Zeqi မှာ ရုပ်ရှင်ရိုက်ကူးရေးအတွက် ကမ်းလှမ်းခံရသဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက် ကတည်းက တရုတ်နိုင်ငံ ပေကျင်းမြို့မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လေကြောင်းမှတဆင့် ဝင်ရောက်လာခဲ့ပြီးနောက် သုဝဏ္ဏဘူမိလေဆိပ်မှ ထိုင်း - မြန်မာနယ်စပ်သို့ ကားဖြင့် ခေါ်ဆောင်သွားခြင်းခံရကြောင်းကို ထိုင်းသတင်းဌာနများမှ ဇန်နဝါရီ ၉ ရက်နေ့က ရေးသားဖော်ပြချက်များအရ သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်သူ Yang Zeqi မှာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ဟု မိတ်ဆွေများထံ စာပို့ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင်မူ မိခင်ဖြစ်သူ နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံစဉ် လုံခြုံဘေးကင်းကြောင်း ပြောဆိုခဲ့သော်လည်း မျက်နှာတွင် ဒဏ်ရာများ ရှိနေသည်ဟု မိခင်ဖြစ်သူက ပြောဆိုထားသည်။
ထို့နောက် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် တရုတ်နိုင်ငံသား သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်သူ Yang Zeqi မှာ ဖုန်းအဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် မိသားစုဝင်များနှင့် ဆွေမျိုးများမှ ၎င်းပြန်လည်လွတ်မြောက်ရေးအတွက် တရုတ်နိုင်ငံရဲတပ်ဖွဲ့၊ ထိုင်း နှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်သံရုံးများထံသို့ ဆက်သွယ်ပြီး သတင်းပေးတိုင်းထားကြောင်းလည်း ထိုင်းသတင်းဌာနများက ဖေါ်ပြထားကြသည်။
မကြာသေးခင်အချိန်က လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ Wang Xing ၏ ဖြစ်ပျက်ခဲ့ပုံစံမျိုးနှင့် ဆင်တူကြောင်းလည်း ထိုင်းသတင်းဌာနများက ဆိုကြသည်။
ထို့အပြင် ထိုင်း - မြန်မာနယ်စပ်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား (၁၇၄) ဦး ပြန်လည်လွတ်မြောက်ရေးအတွက် အကူအညီပေးရန် ၎င်းတို့၏ မိသားစုဝင်များက ပူးတွဲရေးသားထားသည့် စာတစ်စောင်မှာလည်း တရုတ်နိုင်ငံအတွင်း အသုံးပြုနေကြသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နှံ့နေကြောင်းကို တရုတ်အစိုးရအာဘော်သတင်းစာတစ်စောင်ဖြစ်သည့် Global Time သတင်းစာတွင် ရေးသားထားသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၅) ရက်နေ့က တရုတ်နိုင်ငံသူ အသက် (၂၁) နှစ်အရွယ် Wu Jiaqi မှာ ထိုင်းနိုင်ငံအတွင်း အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားသည့်အတွက်ကြောင့် ၎င်းအား ရှာဖွေပေးရန် မှ Wu Jiaqi ၏ ဖခင်ဖြစ်သူမှ ဘန်ကောက်မြို့ရှိ အမျိုးသားရဲဌာနချုပ်ရှိ ရဲချုပ် ရဲဗိုလ်မှူးကြီး Kittirat Phanpet ထံ အသနားခံစာတင်သွင်းခဲ့ကြောင်း Khaosod English သတင်းဌာနတွင်ဖေါ်ပြထားချက်အရ သိရသည်။
ထို့အပြင် တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ Wang Xing မှာ သရုပ်ဆောင်ရန်အတွက် အဖွဲ့တစ်ဖွဲ့၏ ကမ်းလှမ်းချက်အရ ထိုင်းနိုင်ငံသို့ ဇန်နဝါရီလ (၃) ရက်နေ့ နံနက်ပိုင်းအချိန်ကရောက်ရှိခဲ့ပြီးနောက်၊ ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ရောက်ရှိလာခဲ့ပြီးနောက်၊ ပျောက်ဆုံးသွားကြောင်းကို ၎င်း၏ချစ်သူ Jia Jia က သက်ဆိုင်ရာထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ အာဏာပိုင်များထံ အကူအညီတောင်းခံခဲ့သည့်အပြင် တရုတ်နိုင်ငံရှိ သတင်းစာများ၊ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အထူးသတင်းတစ်ပုဒ်အဖြစ် ဖေါ်ပြခံခဲ့ရပြီးနောက် တရုတ်၊ ထိုင်း နှင့် မြန်မာအစိုးရတို့က အရေးတယူကိုင်တွယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။
၎င်းအား ဇန်နဝါရီလ (၇) ရက်နေ့တွင် ထိုင်း - မြန်မာနယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်း မြဝတီခရိုင်အတွင်း ယနေ့ပြန်လည်တွေ့ရှိခဲ့ရပြီး၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှူးကိုယ်တိုင်လာရောက်ခေါ်ဆောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
သတင်း - ကိုရွှေသိန်း၊ ဘိုဘိုမြင့်
Photo– Thai News
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်