
မြန်မာနိုင်ငံ စီးပွားရေးအောင်မြင်ရန် မောင်းနှင်အားဖြစ်သည့် ဘဏ်စနစ်အား ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် ကုန်သည်စက်မှုအသင်းချုပ်၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံရဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီစီးပွားရေးကို ကျောရိုးပြုထားတဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး အောင်မြင်နိုင်ဖို့အတွက် တစ်ဖက်ကနေမောင်းနှင်အားဖြစ်တဲ့ ဘဏ်စနစ်တွေကို ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောကြားသည်။
ထို့ပြင် ကုန်သည်ကြီးများအသင်းသည် ညီနောင်အသင်း ၇၀ ကျော်လောက်ကို ပေါင်းစည်းထားသည့် အသင်းချုပ်ကြီးဖြစ်ကြောင်း၊ အသင်းချုပ်၏ အောင်မြင်မှုသည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍအောင်မြင်မှုနှင့် တစ်ဆက်တစ်စပ်တည်းရှိနေမည်ဖြစ်ကြောင်း၊ အသင်းကြီးကို ပုဂ္ဂလိကကဏ္ဍနယ်ပယ်မှ လုပ်ငန်းရှင်များ၏ အားကိုးအားထားပြုနိုင်သည့် အသင်းချုပ်ကြီးဖြစ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ဒီကြိုးပမ်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကူး ပြောင်းရေးကာလရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိပါတယ်။ ဒါကြောင့် ကုန်သည်ကြီးများအသင်းဘက်က ကြိုးပမ်းဆောင်ရွက်နေမှုတွေအပေါ်မှာ အစိုးရဘက်က အထူးဂရုပြုပြီးဆောင်ရွက်နေပါတယ်။ ပုဂ္ဂလိကကဏ္ဍနယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ MSME ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍနယ်ပယ်ကိုကြည့်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ဟာ MSME များ ဖြစ်ပါတယ်။ ဒီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ကုန်သည်ကြီးများအသင်းနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဟာ တည်ရှိနေတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ချမှတ်ထားသည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများဖြစ်သော Myanmar Sustainable Development Plan ကို ကုန်သည်ကြီးများအသင်းက ပုဂ္ဂလိကဏ္ဍနှင့်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြိုးပမ်းဆောင်ရွက်မှုအတွက် ကုန်သည်ကြီးများအသင်းဘက်က ပြည်သူလူထုနဲ့အတူ ကုန်သည်များအားလုံး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး အခန်းကဏ္ဍတွေကို လမ်းဖွင့်ပေးနိုင်သည့်အသင်းအဖြစ် ဆက်လက်ရုန်းကန်ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ဒီအခြေအနေတွေအတွက်လည်း ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအနေနဲ့ သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရဘက်သော်လည်းကောင်း၊ အဘက်ဘက်ကနေ ကူညီကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။ ဒီအတွက် အသင်းချုပ်ကြီး ဆက်လက်ရှင်သန်အောင်မြင်ဖို့နဲ့၊ ဒီနေ့ ၂၈ ကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ပြီး နောင်နှစ်တွေမှာ ပုဂ္ဂလိက ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းချုပ်ကြီးမှ စွမ်းဆောင်ပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်