
ယခု ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၀ သန်း အသုံးပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။
“လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေအတွက် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ တိုက်ကျွေးဖို့ပြင်နေပါတယ်။ နောက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာတော့ သားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ဆေးကို ထိုးနှံပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အခုဘဏ္ဍာနှစ်မှာ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများ ဝယ်ယူဖို့အတွက် အစိုးရက ဒေါ်လာ ၁၀ သန်း အသုံးပြုမှာဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးတစ်ဦးမျှမကျန်ရှိစေဘဲ ကာကွယ်ဆေး သာတူညီမျှရှိစေရန် ဆောင်ရွက်မည့်လုပ်ငန်းများတွင် Gavi အဖွဲ့က အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်သည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းအတွက် Gavi အဖွဲ့က ကာကွယ်ဆေးနဲ့ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ဒေါ်လာ ၃၂ သန်း ကျော် ထောက်ပံ့ထားပါတယ်။ ဒီပမာဏက တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၇၆ ရာခိုင်နှုန်းအထိရှိပါတယ်။ အဲဒီထောက်ပံ့မှုက ၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း ထောက်ပံ့ခဲ့တဲ့ငွေကြေး ပမာဏဖြစ်ပြီး ဆက်လက်ပြီးတော့ ၂၀၁၈ က ၂၀၂၁ ခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ အအေးလမ်းကြောင်းဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်မယ့် အစီအစဉ်တွေအတွက် Gavi အဖွဲ့က ရန်ပုံငွေတွေ ဆက်လက်ပံ့ပိုးပေးမှာပါ” ဟု ဗဟိုတိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် Gavi အဖွဲ့က၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ပေးအပ်ထားကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ရသန်း၊ Gavi နှင့် အစိုးရ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၃ သန်း၊ စုစုပေါင်းဒေါ်လာ ၅၃ သန်း အသုံးပြုထားကြောင်း သိရသည်။
“ကျန်းမာရေးဌာနအနေနဲ့ ပုံမှန်အားဖြင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွေကို လစဉ်ဆောင်ရွက်နေတယ်။ အဓိကဆောင်ရွက်တာကတော့ အခြေခံကျန်းမာရေး ဝန်ထမ်းတွေဖြစ်တဲ့ ကျေးရွာရပ်ကွက်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖွားဆရာမတွေပေါ့။ များသောအားဖြင့် လတစ်လရဲ့ ပထမပတ်မှာ သူတို့လုပ်ငန်းဆောင်ရွက်ပါတယ်။ ကာကွယ်ဆေးက မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအနေနဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်း၊ တချို့အများဆုံး ၉၀ ရာခိုင်နှုန်းလောက်ရတာ မျိုးတွေရှိတော့ ၁၀ နဲ့ ၂၀ ရာခိုင်နှုန်းကြားမှာ နှစ်စဉ် နှစ်စဉ် ကာကွယ်ဆေးမရတာမျိုးတွေ ရှိနေပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ ဒေါက်တာထားထားလင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင်ရှိသော ကလေးများတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးဖို့ အခွင့်အရေးဆုံးရှုံးရခြင်း (သို့မဟုတ်) ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အကြိမ်ရေ အပြည့်အဝ မရရှိခြင်းများနှင့် ကာကွယ်ဆေးနှင့်အလှမ်းဝေးနေသည့် ကလေးများလည်း ရှိနေဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်