
မြိတ်ကျွန်းစုပင်လယ်ပြင်တွင်ရေး သယံဇာတ ၉၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနေပြီဖြစ်သည့်အတွက် ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာလျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
ပင်လယ်ပြင်အတွင်း ငါးအလွန်အကျွံ ဖမ်းဆီးမှုများပြားခဲ့သည့်အတွက် ရေသယံဇာတများမှာ လွန်စွာရှားပါးလာနေသည့် အနေအထားဖြစ်လာသောကြောင့် လုပ်ငန်းရှင်များမှာ ရေလုပ်ငန်းရပ်တန့်သွားမှု မရှိစေရန် မွေးမြူရေးဘက်ကို အားထည့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။ ကျွန်းများပေါ်တွင် ရေငန်ပုစွန်မွေးမြူရေးကန်များတူး ပြီးပုစွန်မွေးမြူသည့်လုပ်ငန်းမှာ အောင်မြင်မှုရှိလာသည့်အတွက် တိုးချဲ့မွေးမြူရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
“ပင်လယ်ပြင်မှာရှိတဲ့သယံဇာတက ရာခိုင်နှုန်း ၉၀ လောက် ဆုံးရှုံးနေပြီဖြစ်တဲ့အတွက် ရေသယံဇာတကို ထိန်းသိမ်းတဲ့အနေနဲ့ ပုစွန်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်တယ်။ ရေလုပ်ငန်းနှင့် ပတ်သက်တဲ့ ဝန်ထမ်းတွေ၊ အအေးခန်းဝန်ထမ်းတွေက ပင်လယ်မှာ ငါးပုစွန်လုပ်ငန်းတွေမရှိတော့ရင် လုပ်ငန်းရပ်တဲ့ အခြေအနေကို ရောက်သွားနိုင်တယ်။ ဒီလုပ်ငန်းတွေ မရပ်သွားအောင်၊ နိုင်ငံတော်အခွန်ငွေ ရရှိအောင်၊ ဒေသဖွံ့ဖြိုးစေဖို့၊ မြန်မာနိုင်ငံမှာ နည်းပညာကျန်ရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားအောင် အဓိကရည်ရွယ်ပြီးလုပ်တာပါ။ လောလောဆယ်မှာ ကျွန်တော်ကုမ္ပဏီမှာ လူဦးရေ ၃၆၀ လောက်ရှိတယ်။ ရာခိုင်နှုန်း ၇၀ က ကျွန်းစုမြို့နယ်ထဲက အလုပ်သမားတွေများပါတယ်။ ကျွန်တော်တို့ကဒီရေတောတွေကို လိုက်ဖျန်းနေတာမဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့က ပုစွန်ကန်တွေ လိုက်လုပ်နေတယ်ဆိုတာက လယ်ပျက်တွေ၊ ဆားကွင်းတွေ၊ တောပြုန်းတွေစတဲ့နေရာမျိုးတွေမှာလုပ်တာပါ။ ကျွန်တော်တို့လုပ်လို့ ပြုန်းတယ်ဆိုတဲ့ တောက နည်းနည်းလေးပဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အစားထိုးပြန်စိုက်ပေးတယ်။ ပျိုးစင်တွေနှင့် ပျိုးထောင်ပေးတာရှိတယ်။ ပြီးခဲ့တဲ့နှစ်က အပင်ရှစ်သောင်းလောက် ပြန်စိုက်ပေးခဲ့ပြီးဖြစ်တယ်။ အခုလည်း ကျားကြီးအော်မှာ ပျိုးစင်နှင့်အပင် တစ်သိန်းကျော်ထပ်တိုးထားပါသေးတယ်” ဟု ပြည်ဖြိုးထွန်း ရေငန်ပုစွန်မွေးမြူရေးမန်နေဂျာ ဦးကျော်လင်းက ပြောကြားသည်။
ရေငန်ပုစွန်မွေးမြူရာတွင် စတင်မွေးမြူသည့်အချိန်မှ ရက်ပေါင်း ၉၀ အကြာတွင် ပုစွန်စတင်ဖမ်းယူနိုုင်ပြီဖြစ်ပြီး ဆိုက်အလိုက်ခွဲခြားကာ ပုစွန်ကန်ဖော်လေ့ရှိကြောင်း သိရ သည်။
“ပုစွန်ဆိုက် ၄၅-၅၀ ဆိုရင် ပုစွန်စတင် ဖမ်းလို့ရပြီ။ တစ်ကန်ကို အနည်းဆုံး ၃၅ တန်လောက်အထိ ထွက်တယ်။ ရာသီဥတုကိုလိုက်ပြီး လုပ်ရကိုင်ရတာအများကြီးရှိတယ်။ မိုးရာသီမျိုးဆိုရင် အငန်နှုန်းတွေကျတတ်တယ်။ လုပ်ရကိုင်ရတာ ဆေးဝါးထည့်ပေးရတာတွေ ရှိတယ်။ အစာကိုတော့ ပုစွန်ရဲ့ဆိုက် အနေအထားကိုကြည့်ပြီး ကျွေးရပါတယ်” ဟု ပုစွန်မွေးပညာရှင်ကိုဝေဖြိုးလွင်က ပြောကြားသည်။
ပုစွန်ကန်များတိုးချဲ့မွေးမြူရာတွင် ဒီရေတောများကို ခုတ်လှဲပြီး မွေးမြူနေကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းတချို့က ထောက်ပြပြောဆိုမှုများရှိနေသလိုလွတ် တော်ကိုယ်စားလှယ်တချို့မှလည်း ဒီရေတောများကို ရှင်းလင်းကာ ပုစွန်မွေးကန်များတိုးချဲ့ နေမှုအပေါ်တင်ပြထားမှုရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်