Top News

ထိုင်းရောက်မြန်မာများ အနေဖြင့် ဗီဇာသက်တမ်းတိုးခြင်း၊ စာအုပ်အသစ် လျှောက်ထားခြင်း၊ ဗီဇာလျှောက်ထားခြင်းများအတွက် ငွေသွင်းရာတွင် Deposit Payment ဖြင့် ကောက်ခံမည်
24htopnews | January 14, 2025 6:12 AM CST

ထိုင်းရောက်မြန်မာများ အနေဖြင့် ဗီဇာသက်တမ်းတိုးခြင်း၊ စာအုပ်အသစ် လျှောက်ထားခြင်း၊ ဗီဇာလျှောက်ထားခြင်းများအတွက် ငွေသွင်းရာတွင် Deposit Payment ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

ယင်းအစီအစဉ်အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရပြီး သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးခြင်းများအတွက် စာအုပ်အသစ် လျှောက်ထားခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်များ လျှောက်ထားခြင်း၊ ထောက်ခံစာ အမျိုးမျိုးနှင့် နိုတြီထောက်ခံချက်များ လျှောက်ထားခြင်းနှင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်း တို့အတွက် ကောက်ခံမှုများကို ယင်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit Card၊ Debit Card ရှိသူများအတွက် ကျသင့်ငွေအား Card Reader ဖြင့် ကောက်ခံမည်ဖြစ်ပြီး အသုံးပြုခကို ကျသင့်ငွေ၏ သုံးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အသုံးပြုနိုင်သည့် ကတ်အမျိုးအစားများမှာ Visa၊ Master၊ JVC၊ UP၊ DCI၊ TPN စသည်တို့ဖြစ်ကြောင်း သိရသည်။

ဘဏ်ချလန်ဖြင့် ငွေသွင်းသူများ အနေဖြင့် ငွေသွင်းမည့် သူများအတွက် လျှောက်ထားချက်များအား စိစစ်လက်ခံပြီးပါက သံရုံးမှ ထုတ်ပေးသည့် ငွေသွင်းချလန်ဖြင့် ကျသင့်ငွေအား Bangkok Bank သို့ သွားရောက် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ယင်းသို့သွားရောက် ပေးသွင်းပြီးပါက ငွေသွင်းချလံအား သံရုံးသို့ ပြန်လည် တင်ပြရမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 


READ NEXT
Cancel OK