Top News

သတ်မှတ်ကာလအတွင်း ပြီးစီးအောင်လုပ်ကိုင်ခြင်း မရှိပါက မြေတန်ဖိုး ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် နှစ်စဉ်ပေးဆောင်ရမည့် ပြဋ္ဌာန်းချက် ပါဝင်သော စက်မှုဇုန်ဥပဒေကြမ်း လွှတ်တော်အတည်ပြု
24htopnews | January 14, 2025 6:12 AM CST

စက်မှုဇုန်အဖြစ် သတ်မှတ်သည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီး မည်ကာလကို အတည်ပြုချက်ရယူပြီး စီမံ ကိန်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် လုပ်ကိုင်နိုင်ခြင်းမရှိပါက သတ်မှတ်သော မြေတန်ဖိုး ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် နှစ်စဉ်ပေးဆောင်ရမည့် စက်မှုဇုန်ဥပ ဒေ ကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြု ခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ဒုတိ ယအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အ စည်းအဝေး ၁၆ ရက် မြောက်နေ့တွင် စက်မှု ဇုန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍အဆိုပြု ပြ ဋ္ဌာန်းချက်၊ ပြည်သူ့လွှတ်တော်၏ အတည်ပြု ချက်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်ဇယားများကို အမျိုးသားလွှတ်တော်၌ တင်ပြ၍ လွှတ်တော် ၏ အဆုံးအဖြတ်ကိုရယူခဲ့ခြင်းများ ပြုလုပ်ခဲ့ သည်။

စက်မှုဇုန်ဥပဒေကြမ်း၏ အခန်း(၁၁) မြေအသုံးပြုခြင်း ပုဒ်မ ၃၃ (ခ) တွင်ပါဝင် သော ‘စက်မှုဇုန် တည်ထောင်ပြီး စက်မှုဇုန် အတွင်းရှိ မြေကွက်များအား ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေကွက်များကို စက်မှုဇုန်အဖြစ် သတ်မှတ်သည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီး မည့်ကာလကိုတင်ပြ၍ ဒေသဆိုင်ရာ ကော်မတီ၏ အတည်ပြုချက်ရယူရမည်။ အတည်ပြုပြီးဖြစ်သည့် စီမံကိန်းသတ်မှတ်ကာလအ တိုင်းပြီးစီးအောင် လုပ်ဆောင်နိုင်ခြင်းမရှိပါ က သက်ဆိုင်ရာ ဒေသဆိုင်ရာကော်မတီက သတ်မှတ်သော မြေကာလတန်ဖိုး ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သက်ဆိုင်သည့် ဒေသဆိုင်ရာကော်မတီသို့ နှစ်စဉ်ပေးဆောင်ရမည်။ ဒဏ်ကြေး ပေးဆောင်နိုင်ခြင်း မရှိပါက အဆိုပါ မြေအသုံးပြုခွင့် ပါမစ် သို့မဟုတ် ဂရန်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည်’ ဆိုသည့် ပြဋ္ဌာန်းချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

စက်မှုဇုန် ဥပဒေကြမ်း၏ အခန်း(၁၈) တားမြစ်ချက်များ ပုဒ်မ ၅၄ တွင် မည်သည့် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည် ဆောက်သူမျှ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)၊(ဂ)၊(ဃ) ပါ  ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖော်ဖျက်ကျူးလွန်ခြင်း မပြုရဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ(၅၅)တွင် မည်သည့် ရင်းနှီမြှုပ်နှံသူ သို့မဟုတ် ရင်း နှီးတည်ဆောက်သူမျှ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်များအရ အဆိုပါ မြေအသုံးပြုခွင့် ပါမစ် သို့မဟုတ် ဂရန်ကို ပြန်လည်ရုပ်သိမ်း ခြင်းခံရပြီးနောက် လက်ရှိနေထိုင် အသုံးပြုခြင်း၊ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရ၊ ပုဒ်မ ၅၆ တွင် မည်သူမျှ စက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်း မပြုရဟု ဖော်ပြထားသည်။

မည်သည့် ရင်းနှီမြုပ်နှံသူ သို့မဟုတ်ရင်း နှီးတည်ဆောက်သူ မည်သူမဆို ပုဒ်မ ၅၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံးကျပ်သိန်း ၁၀၀ အထိ ချမှတ်ရ မည် ဆိုသည့် ပြဋ္ဌာန်းချက်၊ မည်သူမဆို ပုဒ်မ ၅၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် အချက်များကိုလည်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည့် စက်မှုဇုန်ဥပဒေကြမ်းတွင် ပါဝင်လာသည်။

 


READ NEXT
Cancel OK