
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရှမ်းကယားနယ်စပ်ရှိ ဝမ်တုံကျေးရွာမှာ မီးမရရှိသေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အိမ်ထောင်စုလိုက် ပြောင်းရွှေ့ရမှုများရှိနေကြောင်း ကယားပြည်နယ် MATA တာဝန်ခံ ခွန်းအန်ဂျလိုပျံထံမှ သိရသည်။
“ရွာက မိုးဗြဲနဲ့ ၀ါသောခူကြား၊ ကယားနဲ့ပိုနီးတယ်။ မီးမရှိတော့ ကလေးစာကျက်တာမှာ ခဏလေးနဲ့ အိပ်။ ဒါကြောင့် ပညာအရည်အချင်းမှာတော့ နည်းနည်းညံ့သွားတယ်။ အရင်က NGO တစ်ခုက ဘက်ထရီနှစ်လုံး လာပေးသေးတယ်။ ကြာတော့ ပျက်ကုန်ပြီ။ ဖယောင်းတိုင်နဲ့ပဲ သုံးရတယ်။ အခုဆို အိမ်ထောင်စု သုံးစုက မီးမရှိလို့ မိုးဗြဲဘက် ပြောင်းဆင်းကုန်ကြပြီ။ ကျန်အိမ်ထောင်စု တွေကလည်း ပြောင်းချင်တယ် ပြောလာတယ်လေ” ဟု ခွန်းအန်ဂျလိုပျံက ပြောကြားသည်။
ဝမ်တုံရွာမှာ ယခင်က အိမ်ခြေ ၃၀ နီး ပါးရှိသော်လည်း ယခုအခါ ၁၇ အိမ်သာ ကျန်တော့ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲသည့်အပြင် ဖုန်းဖြင့် ပြင်ပသို့ ဆက်သွယ်ရန်အတွက် ဘုရားကျောင်း တည်ရှိရာ တောင်ထိပ်သို့ သွားရောက် ပြောဆိုရကြောင်းလည်း သိရသည်။
“ဒီရွာတွေကို ကယားပြည် ဒီးမော့ဆိုမြို့နယ်ဘက်ကနေ ဘိလပ်မြေစက်ရုံဆောက်ဖို့ စီမံကိန်းစတော့ လမ်းဖောက်ပေးမယ် ပြောသေးတယ်။ လမ်းလည်း ဆိုးတယ်။ နောက်ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်တော့ လမ်းလည်းမဖောက်ပေးတော့ဘူး။ သူတို့ရွာကို ဆက်သွယ်ချင်ရင် လူကိုယ်တိုင်သွားမှရတယ်။ ဖုန်းလိုင်းမှ မမိတာ။ ရွာက ကယားနဲ့နီးတော့ ပညာရေး ကျန်းမာရေးကအစ ကယားဘက် လာကြတယ်” ဟု ခွန်းအန်ဂျလိုပျံက ပြောကြားသည်။
ဝမ်တုံရွာမှာ အစိုးရနှင့် ကျေးရွာစုပေါင်း ဆောက်လုပ်ထားသော အစိုးရအသိအမှတ်ပြု မူလတန်းကျောင်းရှိပြီး လက်ရှိတွင် ကျောင်းသူကျောင်းသား ၂၀ ကျော်ရှိသည်ဟု သိရသည်။
ဌာနေတိုင်းရင်းသား ကယန်းလူမျိုးများသာ နေထိုင်ကြပြီး အသက်ကြီးသူများမှာ ဗမာစကား ကောင်းမွန်စွာ မပြောတတ်သဖြင့် ရပ်ဝေးသို့ ခရီးထွက်လိုခြင်း မရှိကြောင်း၊ တောင်ယာလုပ်ငန်း တစ်ခုတည်းကိုသာ အဓိကထား လုပ်ကိုင်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ် အပိုင်တွင်လည်းကောင်း၊ ကယားပြည်နယ် အပိုင်တွင်လည်းကောင်း တည်ရှိသော ရှမ်းကယားနယ်စပ် ကျေးရွာများမှာ ရှမ်းနှင့် ကယားပြည်နယ်အစိုးရ လက်လှမ်းမမှီသဖြင့် ဖွံ့ဖြိုးမှု နောက်ကျနေသေးကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းဘေးရှိ ရှမ်းကယား နယ်စပ်ကျေးရွာများမှာ လောပိတ ရေအားလျှပ်စစ် အတွက် အသုံးပြုရန် မိုးဗြဲရေလှောင်ကန် တည်ဆောက်စဉ်က ရွှေ့ပြောင်းပေးခဲ့ကြရပြီး ရေကာတာအနီးရှိ ကျေးရွာ ၂၅ ရွာမှာ ယခုအချိန်ထိ မီးမရရှိသေးကြောင်း အောက်တိုဘာ ၅ ရက်တွင် ကျင်းပသော စုပေါင်းအဲ့ဒိုပေါ်မှီပွဲတွင် နောင်လှိုင်ရွာ ရပ်မိရပ်ဖ တစ်ဦးက မိန့်ခွန်းတွင်ထည့် သွင်းပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်