
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ လမ်းမီးများအား အဆင့်မြင့် နည်းပညာဖြင့် ပြုပြင်ပြောင်းလဲ ထွန်းညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် လမ်းမီးတိုင်အသစ် တစ်သောင်း စိုက်ထူထွန်းညှိရန် လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းအသုံးပြုသူများ ညအချိန် အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် လုံခြုံရေးအတွက် Street Light Technology အသုံးပြုပြီး လမ်းမီးထွန်းခြင်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်ကုန်အထိ မန္တလေးမြို့ အဓိက လမ်းမကြီးများတွင် မီးတိုင်ပေါင်း ၅၃၅၄ တိုင် စိုက်ထူထွန်းညှိ ပေးနိုင်ခဲ့ကြောင်း စည်ပင်သာယာရေး ကော်မတီ မှတ်တမ်းများအရ သိရသည်။
“တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်ရဲ့လမ်းညွှန်ချက်နဲ့ ပြီးခဲ့တဲ့အပတ် ကော်မတီဝင် အစည်းအဝေး ဆုံးဖြတ်ချက်တွေအရ လမ်းမီးစီမံချက်ကို အခု ၂၀၂၀ မှာတိုင်ပေါင်း ၁၀၀၀၀ စိုက်ထူထွန်းညှိနိုင်ဖို့ လျာထားပါတယ်။ ဒီအတွက် လက်ရှိမှာလည်း တိုင်ပေါင်း ၂၀၀၀ ကျော်လောက် စိုက်ထူထွန်းညှိပြီးပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမအပတ်အထိ မန္တလေးမြို့ လမ်းမီးစီမံချက်နဲ့ လမ်းမီးတိုင် တိုင်ပေါင်း ၇၂၅၅ တိုင် စိုက်ထူထွန်းညှိ နိုင်ခဲ့တယ်။ လမ်းမိုင်အားဖြင့် ၁၀၁ မိုင်နီးပါး ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါကြောင့် လာမယ့်နှစ်မှာ အဓိက တောင်မြောက် လမ်းမကြီးတွေက ကျန်နေတဲ့ အပိုင်းတွေကို ဆက်ပြီးလုပ်ဆောင်သွားမယ်။ လုပ်ငန်းတင်ဒါ ခေါ်ပြီးတာနဲ့ ဒီအတွက် စဆောင်ရွက်သွားမှာပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အုံနှင့် မြေယာဌာန ဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်တွင် လမ်းမီးစီမံချက်အဖြစ် မန္တလေးမြို့ တောင်မြောက် အဓိကလမ်းမကြီးများရှိ ကျန်အစိတ်အပိုင်းများနှင့် အောင်ပင်လယ်ပတ်လမ်း၊ ဧရာဝတီမြစ်ကမ်းဘေး တစ်လေျှာက် တာပေါင်လမ်းများတွင် မီးတိုင်များ စိုက်ထူထွန်းညှိခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံချက်ပြီးပါက လမ်းမီးများ ထွန်းညှိနိုင်မှုမှာ ရာခိုင်နှုန်း ၈၀ ကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။
လမ်းမီးတိုင် အသစ်များ စိုက်ထူရာတွင် ယခင်ရှိသော မီးတိုင်အဟောင်းများကို ဖယ်ရှားကာ နည်းပညာဖြင့် လမ်းအကျယ်နှင့် အလင်းအား ညီမျှရန် နည်းပညာဖြင့် တွက်ချက်ပြီး စိုက်ထူမည်ဖြစ်ကာ မီးတိုင်အဟောင်းများကို လိုအပ်သည့် လမ်းသွယ်များတွင် ပြန်လည် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရာ ကော်မတီအနေဖြင့် လမ်းမီးများစနစ်တကျ ထွန်းညှိနိုင်ရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လမ်းမီးအတွက် လှူဒါန်းလိုသည့် ပြည်သူများကလည်း ပူးပေါင်းလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ဘဏ္ဍာနှစ်ကုန်အထိ အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုမှာ Single Arm မီးတိုင် ၁၀၉၄ တိုင်၊ Double Arm မီးတိုင် ၉၆၂ တိုင် ရှိခဲ့ပြီး ကျန်မီးတိုင်များမှာ စည်ပင်သာယာရေး ကော်မတီ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ စည်ပင်မှ လမ်းမီးအတွက် လျှပ်စစ်ဌာနသို့ မီတာခ တစ်လလျှင် ကျပ်သိန်း ၇၀၀ ခန့် ပေးဆောင်ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်