Top News

ဗင်နီစီယပ်စ်ကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဆော်ဒီလိဂ် CEO ဝန်ခံ
24htopnews | January 14, 2025 5:12 AM CST

ဆော်ဒီပရိုလိဂ်အမှုဆောင်အရာရှိချုပ်(CEO) ဖြစ်သူ အိုမာမူဂါဘယ်လ်က ရီးယဲလ်မက်ဒရစ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဝန်ခံခဲ့သည်။

ဆော်ဒီပရိုလိဂ်သည် ပြီးခဲ့သည့်နွေရာသီက ဗင်နီစီယပ်စ်ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ယခုလည်း ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ အိုမာမူဂါဘယ်လ်က ''တခြားကြယ်ပွင့်ကစားသမားတွေလိုပဲ ဗင်နီစီယပ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့က အသင်းတွေရဲ့စွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်ဆောင်နေသလို၊ စီးပွားရေးကောင်းအောင်လည်း လုပ်ဆောင်နေပါတယ်။ ကြယ်ပွင့်ကစားသမားတွေက တစ်ကမ္ဘာလုံးကို ဆွဲဆောင်နိုင်ပြီး စီးပွားရေးတန်ဖိုးလည်း ကြီးမားပါတယ်။ ဗင်နီစီယပ်စ်က (၂၄) နှစ်ပဲ ရှိသေးတာပါ။ ကျွန်တော်တို့မှာ ဗင်နီစီယပ်စ်ကို ဆွဲဆောင်နိုင်တဲ့ ကလပ်အသင်းတွေ ရှိပါတယ်။ ဒီတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ''ဟု ပြောကြားခဲ့သည်။

ဗင်နီစီယပ်စ်သည် လက်ရှိအချိန်တွင် ပေါ်တူဂီဒုတိယတန်းကလပ် အယ်လ်ဗာကာအသင်းကို ဝယ်ယူရန်ဆွေးနွေးနေကြောင်း သိရသည်။

အယ်လ်ဗာကာအသင်းကို အသင်းပိုင်ရှင်များက ယခုရာသီတွင်ရောင်းထုတ်ရန် စီစဉ်နေပြီး ဗင်နီစီယပ်စ်က ယူရို (၁၀)သန်းဖြင့် ဝယ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

 


READ NEXT
Cancel OK