
လာအိုနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းကို အထောက်အထားများ ထုတ်ပေးရန် စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်တို့ တွေ့ဆုံစဉ် အထောက်အထားမဲ့ မြန်မာလုပ်သားများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် လာအိုနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀၀၀၀ ခန့်ရှိပြီး အဆိုပါအထောက်အထားမဲ့ မြန်မာနိုင်ငံသားများအတွက် ဝန်ကြီးဌာနများပူးပေါင်း၍ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းအား e-ID စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန် ကိစ္စရပ်များ၊ (OWIC)ကတ်ပြား ထုတ်ပေးရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်ဖန်တီး ပေးမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ILO ၏ စံချိန်စံညွှန်းများနှင့်အညီ Convention-87 ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးမှုအခြေအနေများနှင့် လာအိုနိုင်ငံနှင့် အလုပ်သမားရေးရာကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ သံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONG တို့ တက်ရောက်ခဲ့ကြသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများအရေးနှင့် ပတ်သက်ပြီး မြန်မာ-လာအို နှစ်နိုင်ငံ အလုပ်သမားရေးရာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်