Top News

ကျိုက်မရောမြို့နယ် မရမ်းကုန်းကျေးရွာ အဝင်လမ်းဝတွင် လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိ
24htopnews | January 13, 2025 8:12 PM CST

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်း နှစ်ခွကျေးရွာအုပ်စု မရမ်းကုန်းကျေးရွာအဝင် လမ်းဝတွင် ဒေသခံ လင်မယားနှစ်ဦး မြေမြှုပ် မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီ ၉ ရက် ညနေ ၄ နာရီခန့်က မရမ်းကုန်းကျေးရွာနေ ဒေသခံလင်မယား နှစ်ဦးဖြစ်သူ တို့မှာ မရမ်းကုန်းကျေးရွာအနီးရှိ လယ်ကွင်းထဲသို့ မြေသြဇာကြဲပက်ပြီးနောက် သုံးဘီးဆိုင်ကယ် ဖြင့် ပြန်လာစဉ် မရမ်းကုန်းကျေးရွာအဝင် လမ်းဝ၌ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “သူတို့က ရွာထိပ် လမ်းဝကုန်းအတက်မှာ သုံးဘီးဆိုင်ကယ်ကို ဆင်းတွန်းတဲ့အချိန်မှာ ကိုချစ်မကုန်က မြေ မြှုပ်မိုင်းနင်းမိခဲ့တာပါ။ မိုင်းပေါက်ကွဲမှုဖြစ်ပြီး တော့ ကိုချစ်မကုန်နဲ့ ဇနီးတို့ကို မော်လမြိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်တဲ့အချိန်မှာ ကိုချစ် မကုန်က လမ်းမှာပဲ သွေးထွက်လွန်ပြီး ‌သေဆုံး ခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူက ဒဏ်ရာတွေရ ရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရပါတယ်” ဟု ပြောကြားသည်။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ကိုချစ်မကုန်၏ အလောင်းကို  ဇန်နဝါရီ ၁၀ ရက်က မရမ်းကုန်းကျေးရွာရှိ သုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။


READ NEXT
Cancel OK