
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၂ အမျိုးသားအသင်းအတွက် ဂျပန်လူမျိုးနည်းပြတစ်ဦး ခန့်အပ်နိုင်ရန် ဆွေးနွေးနေလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မူလက ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၂ အမျိုးသားအသင်းအတွက် ပြည်တွင်းနည်းပြတစ်ဦးကိုသာ တာဝန်ပေးခန့်အပ်ရန် လျာထားခဲ့သော်လည်း ယခုအခါ ဂျပန်လူမျိုးနည်းပြကို ခန့်အပ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာယူ-၂၂ အမျိုးသားအသင်းအတွက် လက်ရှိဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသည့် ဂျပန်လူမျိုးနည်းပြနှင့် သဘောတူညီမှုရှိပြီးပါက တရားဝင်သတင်းထုတ်ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လက်ရှိကျင်းပနေသည့် ၂၀၂၄ -၂၀၂၅ MNL အမှတ်ပေးလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၂ အမျိုးသားအသင်းအတွက် နည်းပြတစ်ဦး ခန့်အပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
သို့မှသာ ခန့်အပ်ခံရမည့် နည်းပြသစ်သည် လက်ရှိကျင်းပနေသည့် MNL အမှတ်ပေးလိဂ်ပြိုင်ပွဲအတွင်းမှ အသက်မီသည့် ကစားသမားများကို သေချာစိစစ်ရွေးချယ်ကာ အသင်းဖွဲစည်းရန် စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကျင်းပနေသည့် ၂၀၂၄-၂၀၂၅ MNL အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်(၁၅) သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၂၂) မှာ လာမည့်မတ်(၁) ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ထို့ ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၂ အမျိုးသားအသင်းအတွက် နည်းပြခန့်အပ်နိုင်ရေးကို ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချောင်ဘူရီ နှင့် ဆောင်ခလာမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ကျင်းပခွင့်ရခြင်းဖြစ်သည်။
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၅၀ မျိုးမှ ဆု တံဆိပ် ၅၈၁ ခု ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်(SEAGF) က ပြီးခဲ့သည့်နိုဝင်ဘာအတွင်းက အတည်ပြုထုတ်ပြန်ထားသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်(SEAGF) သည် အားကစားနည်း ၅၀ မျိုးတွင် ပြိုင်ပွဲအမျိုးအစားပေါင်း ၅၆၉ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ယင်းအားကစားနည်း ၅၀ မျိုးကို အုပ်စုသုံးခုခွဲခြားထားသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ်(SEAGF) သည် အားကစားနည်း ၅၀ မျိုးကို အုပ်စု (၁) တွင် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲမှ အားကစားနည်းများ၊ အုပ်စု (၂) တွင် ဒေသတွင်းရိုးရာအားကစားနည်းများနှင့် အုပ်စု (၃) တွင် သရုပ်ပြအားကစားနည်းများဟူ၍ သုံးမျိုးခွဲခြားထားခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်