Top News

ယမားလ်အနေဖြင့် အနာဂတ်တွင် Ballon d'Or ဆု ရနိုင်သော်လည်း ဘောလုံးသည် တစ်ခါတစ်ရံ ရက်စက်တတ်ကြောင်း  လီဝန်ဒေါစကီး သတိပေး
24htopnews | January 13, 2025 6:12 PM CST

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းဖော်လူငယ်ကြယ်ပွင့် ယမားလ်အနေဖြင့် အနာဂတ်တွင် Ballon d'Or ဆု ရနိုင်သော်လည်း ဘောလုံးသည် တစ်ခါတစ်ရံ ရက်စက်တတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

စပိန်တိုက်စစ်ကစားသမား ယမားလ်သည် အသက် (၁၇)နှစ်သာ ရှိသေးသော်လည်း ဘာစီလိုနာအသင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

၎င်းသည် ဘာစီလိုနာအတွက် ယခုရာသီ လာလီဂါ  (၁၆) ပွဲတွင် (၅) ဂိုးသွင်းကာ ဂိုးဖန်တီး မှု (၁၀) ကြိမ်အထိ ပြုလုပ်ထားသည်။

ယမားလ်သည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် စပိန်လက်ရွေးစင်အသင်းအတွက်လည်း အဓိကခြေစွမ်းပြခဲ့ပြီး (၁) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ်ပြုလုပ်ပေးခဲ့သည်။

ထို့ကြောင့် လီဝန်ဒေါစကီးက ယမားလ်အနေဖြင့် အနာဂတ်တွင် Ballon d'Or ဆု ရနိုင်ကြောင်း ထောက်ခံခဲ့ခြင်းဖြစ်သည်။

လီဝန်ဒေါစကီးက ''ယမားလ်အနေနဲ့ Ballon d'Or ဆု ရနိုင်ပါတယ်။ သေချာပါတယ်။ တစ်ခါတလေမှာ ကျွန်တော် ချီးကျူးလိုက်တဲ့ ကစားသမားတွေက နောက်ပိုင်းမှာ ကျသွားတာတွေ ရှိပါတယ်။ ဒီတော့ တစ်ခါတလေမှာ ဆိုးကွက်ကိုရှာပြောတာ ပိုကောင်းတယ်လို့ ထင်တယ်။ ဒါပေမဲ့ ယမားလ်မှာ အပြစ်ပြောစရာမရှိပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမှာပါ''ဟု ပြောကြားခဲ့သည်။

သို့သော် ဘောလုံးသည် တစ်ခါတစ်ရံ ရက်စက်ကြောင်းလည်း လီဝန်ဒေါစကီးက ယမားလ်ကို သတိပေးခဲ့သည်။

''ယမားလ်ဘေးမှာ ရှိတဲ့သူတွေက သူ့ကို ကူညီဖို့ လိုပါတယ်။ ဘောလုံးက တစ်ခါတလေ ရက်စက်တတ်ပြီး ယမားလ်အနေနဲ့ အဲဒီအတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ အခု သူ သွားနေတဲ့ လမ်းကြောင်းက မှန်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။  


READ NEXT
Cancel OK