Top News

မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် ခက်ခဲကြောင်း အီဘရာဟီမိုဗစ် ပြောကြား
24htopnews | January 13, 2025 6:12 PM CST

အေစီမီလန်အသင်းတွင် အကြံပေးအဖြစ်ဆောင်ရွက်နေသည့် အသင်းဂန္ထဝင်ကစားသမား အီဘရာဟီမိုဗစ်က မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် ခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့သည်။

အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)သည် စိန်ခေါ်မှုအသစ်များကိုရင်ဆိုင်လိုသည်ဟု ပြောကြားပြီးနောက်ပိုင်းကတည်းက မန်ယူအသင်းအတွက် ပွဲထွက်ကစားခွင့်မရတော့ဘဲ ယခုဇန်နဝါရီတွင် အသင်းပြောင်းရွှေ့ရဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။

အေစီမီလန်အသင်းသည် ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်း၏ အေးဂျင့်နှင့်ဆွေးနွေးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယခုအခါ အီဘရာမိုဗစ်က ''ရပ်ရှ်ဖို့ဒ်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူ ငယ်ငယ်တုန်းက သူနဲ့အတူ ကျွန်တော် တွဲကစားဖူးပါတယ်။ သူက မန်ယူအသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ပြနိုင်ခဲ့သူပါ။  အေစီမီလန်က ကမ္ဘာပေါ်မှာ အကြီးဆုံးကလပ်တစ်ခုဖြစ်ပြီး ကစားသမားတိုင်း ဒီအသင်းမှာ ကစားချင်ကြပါတယ်။  ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ သူ့ကို အသင်းဆီလာအောင် ကျွန်တော်တို့ လုပ်နိုင်မလား စောင့်ကြည့်ရပါမယ်''ဟု ပြောကြားခဲ့သည်။ 

 


READ NEXT
Cancel OK