
ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ် -၁၊ ထိုင်းလိဂ်-၂ ပြိုင်ပွဲများတွင် မြန်မာကစားသမား(၅) ဦးဖြစ်သည့် အောင်သူ၊ မောင်မောင်လွင်၊ လွင်မိုးအောင်၊ ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်တို့ ဝင်ရောက်ကစားခွင့် ရရှိခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် ထိုင်းလိဂ်ပြိုင်ပွဲများကို ဇန်နဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်များက ကျင်းပပြုလုပ်ခဲ့ပြီး အောင်သူ၏ အူထိုင်းထာနီအသင်းသည် အိမ်ကွင်းတွင် ရတ်ချာဘူရီကို(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ အောင်သူမှာ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ပွဲကစားချိန်(၇၃) မိနစ်တွင် လူစားလဲခံခဲ့ရသည်။
မောင်မောင်လွင်၏ လမ်ဖွန်အသင်းသည် အိမ်ကွင်းတွင် မြောင်တောင်အသင်းကို(၁-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မောင်မောင်လွင်မှာမူ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သည်။
လွင်မိုးအောင်၏ ရရောင်းအသင်းသည် အိမ်ကွင်းတွင် ပတ်ထမ်ယူနိုက်တက်နှင့် (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး လွင်မိုးအောင်မှာ ပွဲထွက်ခွင့်ရခဲ့သော်လည်း ပွဲကစားချိန်(၆၈) မိနစ်တွင် လူစားလဲခံခဲ့ရသည်။
ဝင်းနိုင်ထွန်း၏ ချင်းရိုင်အသင်းသည် ထိုင်းဆိပ်ကမ်းအသင်းကို(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဝင်းနိုင်ထွန်းမှာ ပွဲကစားချိန်(၈၃) မိနစ်ရောက်မှ ဝင်ကစားခွင့်ရခဲ့သည်။
အောင်ကောင်းမာန်၏ ဖာရေးအသင်းမှာ ဘန်ကောက်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အောင်ကောင်းမာန်မှာ ပွဲကစားချိန်(၇၄) မိနစ်ရောက်မှ ဝင်ကစားခွင့်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်