
အမေရိကန်အောက်လွှတ်တော်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းတို့အား ဖမ်းဝရမ်းများထုတ်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICCကို ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် ICC ကို ပိတ်ဆို့မှုပြုလုပ်ရန် ဇန်နဝါရီ ၉ ရက် မဲခွဲဆုံးဖြတ်ခဲ့သည်။
“တရားမဝင်သော တရားရုံး တန်ပြန် အရေးယူရေး အက်ဥပဒေ” ကို မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်အမတ် ၂၄၃ ဦးအနက် ၁၄၀ က ထောက်ခံမဲပေးခဲ့သည်။
ထိုပိတ်ဆို့မှုအရ ICC အဖွဲ့ဝင်မဟုတ်သည့် အစ္စရေးအပါအဝင် အမေရိကန်နိုင်ငံ သားများ သို့မဟုတ် အမေရိကန်၏ မဟာမိတ် နိုင်ငံများမှ နိုင်ငံသားများကို စုံစမ်းစစ်ဆေး မှု၊ ဖမ်းဆီးမှု၊ ထိန်းသိမ်းမှု သို့မဟုတ် တရားစီ ရင်မှုတို့ကို ပြုလုပ်မည့် မည်သည့်ပြည်ပနိုင်ငံ သားကိုမဆို အရေးယူပိတ်ဆို့နိုင်မည်ဖြစ် သည်။
ထိုမဲခွဲဆုံးဖြတ်မှုတွင် ဒီမိုကရက်အမတ် ၄၅ ဦးက ရီပတ်ဘလစ်ကန်အမတ် ၁၉၈ ဦး နှင့်ပူးပေါင်းပြီး ဥပဒေမူကြမ်းကိုထောက်ခံမဲ ပေးခဲ့သည်။ ထိုဥပဒေမူကြမ်းကို ရီပတ်ဘလစ် ကန်အမတ်များက ဆန့်ကျင်ခဲ့ခြင်းမရှိပေ။
“တရားဥပဒေကို မျက်ကွယ်ပြုထားတဲ့ တရားရုံးတစ်ခုက ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးဝန်ကြီးချုပ်ကို ဖမ်း ဆီးဖို့ ကြိုးစားနေတာကြောင့် အမေရိကန်က ဒီဥပဒေကို အတည်ပြုနေတာဖြစ်ပါတယ်” ဟု အောက်လွှတ်တော် နိုင်ငံခြားရေးကော်မ တီ ဥက္ကဋ္ဌဖြစ်သည့် ရီပတ်ဘလစ်ကန်အမတ် ဘရိုင်ယန် မက်စ်က မဲခွဲဆုံးဖြတ်မှုမတိုင်မီ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော် အဖွဲ့သစ် စတင်တာဝန်ယူခဲ့ပြီးကတည်းက ထိုမဲပေးမှုသည် ပထမဆုံးအကြိမ် အောက် လွှတ်တော်မဲပေးမှုဖြစ်ခဲ့ကာ ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်၏ ရီပတ်ဘလစ်ကန် များသည် အစ္စရေးအစိုးရကို ခိုင်မာစွာ ထောက်ခံကြောင်း ပြသရာရောက်ခဲ့သည်။
လက်ရှိတွင် ရီပတ်ဘလစ်ကန်များသည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးကို ထိန်းချုပ်ထားသည်။
ICC ကမူ အမေရိကန်၏ ဥပဒေမူကြမ်း ကြောင့် ကြမ်းကြုတ်ရက်စက်မှုကို ခံခဲ့ရသည့် နစ်နာသူများ၏ တရားမျှတမှုနှင့် မျှော်လင့် ချက်များကို ဆုံးရှုံးနိုင်ကြောင်း သတိပေးခဲ့ပြီး ထိုဥပဒေမူကြမ်းကို စိုးရိမ်ကြောင်း ပြောကြား ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်