
လွန်ခဲ့သည့်နှစ်က mpox ရောဂါကူးစက်မှုများအတွက် ကမ္ဘာတစ်ဝန်းတွင် သတိပေးချက် အမြင့်ဆုံးအဆင့် တပ်လှန့်နှိုးဆော်ပြီး နောက်ပိုင်း ဆီရာလီယွန်နိုင်ငံတွင် ပထမဆုံး mpox ကူးစက်မှုဖြစ်စဉ်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။
“လူနာဟာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဖရီးတောင်းမြို့တော်အနီး အနောက်ပိုင်းဇုန်ရဲ့ ကျေးလက်ခရိုင်က ဖြစ်ပါတယ်”ဟု အမျိုးသားပြည်သူ့ ကျန်းမာရေးအေဂျင်စီက လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။
“ကျန်းမာရေးအဖွဲ့တွေက နောက်ထပ် ရောဂါပျံ့နှံ့နိုင်တဲ့ အခြေအနေတွေကနေ ကာကွယ်ဖို့ ရောဂါရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ခြေရာခံ စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်”ဟုဆို သည်။
အေဂျင်စီက ဇန်နဝါရီ ၁၀ ရက်တွင် ကူးစက်မှုဖြစ်စဉ်ကို အတည်ပြုနိုင်ခဲ့သော်လည်း လူနာတွင် ကူးစက်ခံရသည့် mpox ဗိုင်းရပ်စ်မျိုးကွဲကို အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ဆီရာလီယွန် အာဏာပိုင်များက ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မိသူများကို ၂၁ရက် ကြာ စောင့်ကြည့်သွားမည်ဟု ဆိုသည်။
mpox လူနာများ၏ ရောဂါလက္ခဏာများမှာ မပြင်းထန်ဘဲ အရေပြားယားယံဖုနှင့် အရည်ကြည်ဖုများ ဖြစ်ပေါ်ခံစားခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟု လူသိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စားလက္ခဏာ များကိုသာ ဖြစ်ပေါ်ခံစားရနိုင်သည်။
ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများ ပေါက်လေ့ရှိသည်။ အာဖရိကတွင် နောက်ဆုံးအကြိမ် ဖြစ်ပွားသည့် ကူးစက်မှုဖြစ်စဉ်များတွင် သေဆုံးသူ ၇၂၀ ကျော်ရှိပြီး အများစုမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။
mpox ရောဂါသည် ဗိုင်းရပ်စ် ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။
၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mpox ရောဂါကူးစက် ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့် လိင် ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိ တွေ့မှုမှတစ်ဆင့် အဓိကကူး စက်ပျံ့နှံ့ခဲ့သည်။mpox ဗိုင်းရပ်စ်တွင်clade 1 နှင့် clade 2 ဟူ၍နှစ်မျိုးရှိကာ clade နှစ်ခုစီတွင် a နှင့် b ဟူ၍ အခွဲ clade များရှိသည်။
ယင်း clade နှစ်မျိုးနှင့် အခွဲ clade များသည် မတူညီသော နေရာဒေသများတွင် ပျံ့နှံ့လျက်ရှိပြီး မတူညီသော လူဦးရေများအပေါ် သက်ရောက်မှုရှိသောကြောင့် ဒေသအလိုက် အံဝင်ခွင်ကျရှိပြီး လိုက်လျောညီထွေရှိသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း WHO ကပြောကြားခဲ့သည်။
“ဒါဟာ နောက်ထပ် COVID-19 အမျိုးအစား မဟုတ်ပါဘူး” ဟု WHO က ပြောကြားခဲ့သည်။ mpox ဗိုင်းရပ်စ် သည် ၂၀၂၂ ခုနှစ်တွင် အာဖရိက ပြင်ပသို့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့ခဲ့သည်။
ကြီးမားသော ဗဟိုအာဖရိက နိုင်ငံဖြစ်သည့် ကွန်ဂိုနိုင်ငံတွင်လည်း ကျန်းမာရေးအာဏာပိုင်များက mpox ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ကွန်ဂိုတွင် ကြုံတွေ့နေသည့် ပြဿနာ အများအပြားက ရောဂါကူးစက်မှုကို ရပ်တန့်စေရန် အဟန့်အတား ဖြစ်စေခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်