
ချယ်လ်ဆီးတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို၏ အိပ်မက်မှာ ကမ္ဘာ့ဖလားရယူရန်ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပါဝင်ကစားလိမ့်မည်ဟု ပြောကြားခဲ့သည်။
လာမည့် ဖေဖော်ဝါရီ (၅)ရက်တွင် အသက် (၄၀) ပြည့်မည် စီရော်နယ်လ်ဒိုသည် ၂၀၂၆ ကမ္ဘာ့ဖလား ပါဝင်ကစားမည်ဆိုပါက ယင်းအချိန်တွင် ၎င်းင်း၏အသက်မှာ (၄၁)နှစ်ကျော်နေမည် ဖြစ်သည်။
သို့သော် စီရော်နယ်လ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းမှ အနားယူရန် မစဉ်းစားသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားပြီး ဆုဖလားရယူနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
ယခုအခါ TNT Sport နှင့် အင်တာဗျူးတွင် ဂျော်အိုဖေးလစ်က ပေါ်တူဂီအသင်းဖော် စီရော်နယ်လ်ဒို၏ ရည်မှန်းချက်နှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂျော်အိုဖေးလစ်က ''ခရစ္စတီယာနိုရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားရယူဖို့ အိပ်မက်မက်နေတာပါ။ ကျွန်တော်တို့အနေနဲ့ သူ့(စီရော်နယ်လ်ဒို) ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ကစားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၂၁၇) ပွဲကစားထားပြီး (၁၃၅) ဂိုး သွင်းထားသည်။
၎င်းသည် ပေါ်တူဂီအတွက် ပွဲအများဆုံးနှင့် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသလို၊ ဘောလုံးသမိုင်းတွင် လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။
စီရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလား (၅) ကြိမ် ကစားထားပြီး (၂၂) ပွဲတွင် (၈) ဂိုးသွင်းယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်