
မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်း ကျေးရွာအနီး မုဒုံ-သံဖြူဇရပ် ကားလမ်းတွင် မန္တလာမင်း ခရီးသည်တင်မှန်လုံယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
ဇန်နဝါရီ ၅ ရက် ညနေ ၅ နာရီခန့်က မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်း နှင်လာသည့် မန္တလာမင်းခရီးသည်တင်မှန်လုံ ယာဉ်အား အဆိုပါ မုဒုံမြို့နယ် ရောင်းဒေါင်း ကျေးရွာအနီး မုဒုံ-သံဖြူဇရပ်ကားလမ်း ပေါ် တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တားဆီး ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ယင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ပြီးတော့ ခရီး သည်တွေကို ကားပေါ်က ဆင်းခိုင်းခဲ့ပြီးတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့အတူ ခရီး သည်တင်ယာဉ်ကို ကွမ်လှာကျေးရွာဘက်သို့ မောင်းနှင်သွားပါတယ်။ ခရီးသည်ယာဉ်မှာက GPS ပါတော့ ကားကိုရှာကြည့်ကြတဲ့အခါမှာ ကွမ်လှာကျေးရွာ သုဿာန်အနီးမှာတွေ့ရပါ တယ်” ဟု ပြောကြားသည်။
ထို့နောက် ဇန်နဝါရီ ၆ ရက် နံနက် ၁ နာ ရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားအ လုံးအရင်းနှင့် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ခရီးသည်တင်မှန်လုံယာဉ်ကို ပြန်လည်မောင်းနှင်ယူဆောင်လာခဲ့ပြီးနောက် မုဒုံမြို့ရှိ မုဒုံမြို့ မရဲစခန်းသို့ မောင်းနှင်ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ခရီးသည်တင်ယာဉ်ကို ပြန်ရတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုတော့ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ် ဆောင်သွားတယ် ။ ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်း တွေ ပိုက်ဆံအိတ်တွေအပြင် ခရီးဆောင်အိတ် တွေနဲ့ ကုန်ပစ္စည်းတွေကို ယူဆောင်သွားခြင်း မရှိဘူး။ ဆိုတော့ မန္တလာမင်းယာဉ်လိုင်းကိုပဲ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တယ်လို့ ယူဆရ ပါတယ်” ဟု ၎င်းက ပြောကြားသည်။
မုဒုံမြို့မရဲစခန်းသို့ ပြန်လည်မောင်းနှင် လာသည့် မန္တလာမင်းခရီးသည်တင်မှန်လုံ ယာဉ်အောက်ရှိ ခရီးသည်များ၏ ကုန်ပစ္စည်း များအား ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် သံဖြူဇရပ်မြို့ရှိ မန္တလာမင်းကားဂိတ်သို့ ပို့ဆောင်ပေးလာကြောင်းလည်း ယင်းကားဂိတ် ထံမှ သိရသည်။
မန္တလာမင်းခရီးသည်တင်ကားပေါ်တွင် စာရင်းအရ သံဖြူဇရပ်မြို့သို့လိုက်ပါလာသည့် ခရီးသည်ရှစ်ဦးနှင့် လမ်းမှတက်လာသည့် ခရီးသည်နှစ်ဦးခန့် စုစုပေါင်း ၁၀ ဦးခန့် လိုက်ပါ လာသည်ဟု သိရသည်။
“ကားထွက်သွားတော့ ဘာဆက်လုပ်ကြ ရမှန်းလည်း မသိကြဘူး။ အဲဒီအချိန်မှာ လမ်း ပေါ်မှာ ကားအသွားအလာကလည်း ရှင်းနေ တယ်။ အဲဒါနဲ့ပဲ သံဖြူဇရပ်မြို့ဘက်ကို လမ်း လျှောက်သွားကြတယ်။ နောက်မှ ကားကြုံ တွေတွေ့ရလို့ သံဖြူဇရပ်မြို့ကို ပြန်ရောက် လာကြတာပါ။ လက်နက်ကိုင်တွေက လက် ကိုင်ဖုန်းတွေ မသိမ်းသွားလို့တော်သေးတယ်။ တချို့လည်း ကိုယ့်အိမ်ကို ဖုန်းဆက်ပြီး လာကြို ခိုင်းတာမျိုးတွေရှိတယ်။ ခရီးဆောင်အိတ်ကို တာ့ မနေ့က သံဖြူဇရပ်မြို့က မန္တလာမင်း ဂိတ်ကိုရောက်လာတဲ့အတွက် သွားယူခဲ့ပြီးပါ ပြီ” ဟု ခရီးသည်တစ်ဦးက ပြောကြားသည်။
အဆိုပါ မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ဇန် နဝါရီ ၇ ရက်အထိ အဆက်အသွယ်မရသေး ကြောင်းလည်း ယင်းခရီးသည်တင်ယာဉ်လိုင်း နှင့် နီးစပ်သူများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်