Top News

ကမ္ဘာ့ဗိုင်းရပ်စ်ကူးစက်ခံရသူ လေးသန်း ရှိလာချိန် ပြင်သစ်နှင့် စပိန်တို့ Lockdown ပြန်ဖွင့်ရေး ဆက်လက်လုပ်ဆောင်
24htopnews | January 13, 2025 5:12 PM CST

ကမ္ဘာ့တစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း လေးသန်း ရှိလာချိန်၌ ရောဂါကူးစက် ပျံ့နှံ့မှု ဒုတိယလှိုင်းကို စိုးရိမ်နေကြသော် လည်း အပြင်းထန်ဆုံး ရိုက်ခတ်ခံရသည့် နိုင်ငံအချို့က မေ ၁၀ ရက် တွင်Lockdown ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းရန် အဆင်သင့်ရှိနေကြကြောင်း သိရသည်။

ကမ္ဘာတစ်လွှားမှ အစိုးရအဖွဲ့များသည် လူပေါင်း သန်းနှင့်ချီလျက် အလုပ်လက်မဲ့ ဖြစ်ကြရပြီး သမိုင်းဝင် ကျဆင်းမှုရှိနေသည့် စီးပွားရေးအပေါ် ဖိအားလျော့ပါးစေရန် စဉ်းစားနေရချိန်တွင် ရောဂါပျံ့နှံ့မှုကိုလည်း ရပ်တန့်နိုင်ရန် ကြိုးပမ်းနေရသည်။

သို့သော် သေဆုံးသူအရေအတွက် သည်၂၇၇,၀၀၀ ကျော်လာပြီး နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ဝန်ပိလာစေမည့် ရောဂါကူး စက်ပျံ့နှံ့မှု ဒုတိယလှိုင်းကို ရှောင်လွှဲနိုင်ရန် စိတ်အားထက်သန်နေကြသည်။

လူသေဆုံးမှု များပြားသော်လည်း ဥရောပနိုင်ငံအချို့က တိုးတက်မှုလက္ခဏာ ရပ်များပေါ် မူတည်လျက် ပုံမှန်ဘဝသို့ ပြန် သွားရေး ခြေလှမ်းများကို သတိကြီးကြီးဖြင့် လှမ်းလာကြသည်။

ပြင်သစ်အာဏာပိုင်များက မေ ၉ ရက် တွင် လူ ၈၀ ဦး သေဆုံးမှုသည် ဧပြီအစော ပိုင်း၏နောက်ပိုင်း နေ့စဉ် သေဆုံးမှုနှုန်းအနိမ့်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူနာပြုဂေဟာများ၌ သေဆုံးမှုနှုန်းမှာလည်း သိ သိသာသာ လျော့ကျလာပြီး လွန်ခဲ့သည့် သီတင်းရှစ်ပတ်ကတည်းက ချမှတ်ထားသည့် လူထုလှုပ်ရှားမှုကန့်သတ်ထားခြင်းများကို ပြန်လည်လျှော့ချရန် ပြင်ဆင်ခဲ့သည်။

မေ ၁၁ ရက်တွင် စတင်မည့် လျှော့ချရေးအစီအစဉ်မှာမူ တုံ့ပြန်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရသည်။

“ကျွန်မ သေမှာ ကြောက်ပါတယ်။ ကျွန်မရဲ့ ဝန်ထမ်းတွေနဲ့ ကျွန်မရဲ့ ဖောက် သည်တွေကို ကာကွယ်စောင့်ရှောက်မှုပေးရမယ်ဆိုတာလည်း ကြီးမားတဲ့ တာဝန်တစ် ရပ်ပါ” ဟု လိုင်ယွန်မြို့မှ စာအုပ်ဆိုင်မန်နေဂျာ မာယာဖလန်ဒင်းက ပြောကြားခဲ့သည်။

စပိန်နိုင်ငံတွင် ဇွန်လအထိ ရှိသော ကူး ပြောင်းရေးအဆင့်တစ်ရပ်ကို ရေးဆွဲထား ရာ လူဦးရေ၏ ထက်ဝက်ခန့်ကို မေ ၁၁ ရက် ၌ အကန့်အသတ်ရှိသော လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ ခွင့်ပြုမည်ဖြစ်ပြီး စားသောက် ဆိုင်များအား ပြင်ပဝန်ဆောင်မှုများ လုပ် ကိုင်ခွင့် ပြုမည်ဖြစ်သည်။

သို့သော် ရောဂါကူးစက်ပျံ့နှံ့မှု ပြန် လည်မြင့်မားလာမည်ကို စိုးရိမ်နေရသော ကြောင့် အာဏာပိုင်များက COVID-19 ကူးစက်ပျံ့နှံ့ရာ အချက်အချာနေရာများ ဖြစ်ကြသော မက်ဒရစ်နှင့် ဘာစီလိုနာမြို့များကို ကူးပြောင်းရေး ပထမအဆင့်၌ ချန်လှပ်ထားသည်။

ဘယ်လ်ဂျီယမ်နိုင်ငံတွင်လည်း မေ ၁၁ ရက်၌ ကန့်သတ်ထိန်းချုပ်ထားမှုအချို့ကို ပြန်လည်လျှော့ပေါ့ပေးမည်ဖြစ်ပြီး ဂျာမနီ နိုင်ငံက မေ ၉ ရက်တွင် အရက်ဆိုင်များနှင့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ ခြင်းနှင့်အတူ မေ ၁၁ ရက်တွင် နောက်ထပ် လျှော့ပေါ့မှုများကို ထပ်မံခွင့်ပြုသွားဦးမည် ဖြစ်သည်။

ဗြိတိန်နိုင်ငံကမူ ပြည်ပမှ ဝင်ရောက် လာသူအားလုံးအနေဖြင့် သီတင်းနှစ်ပတ်ကြာ Quarantine ကို မဖြစ်မနေ ဝင်ရမည် ဟု မေ ၁၀ ရက်တွင် ထုတ်ပြန်ရန် စီစဉ်နေ ပြီး ဥရောပသမဂ္ဂက ဥရောပဇုန်ပြင်ပမှ ခရီး သွားများအတွက် နယ်စပ်ဖွင့်ပေးခြင်းများ မပြုလုပ်ကြရန် သတိပေးထားသည်။

ဥရောပတစ်လွှားတွင် နာဇီဂျာမနီ လက်နက်ချသည့် ၇၅ နှစ်ပြည့် အထိမ်းအ မှတ်များ ပြုလုပ်ရန်အစီအစဉ်များကို ဖျက်သိမ်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့ ပြုလုပ်ခဲ့ကြသည်။                                 


READ NEXT
Cancel OK