
တရုတ်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ၏ ဗဟိုချက်ဖြစ်ခဲ့သော ဝူဟန်မြို့၌ ကူးစက်မှုသစ် ကင်းစင်မှုသည် တစ်လကြာမြင့်ခဲ့ပြီးနောက် မေ ၁၁ တွင် အစုလိုက်အပြုံလိုက် ကူးစက်မှုသစ်ကို တွေ့ရှိခဲ့သည်။
တရုတ်၏ ဒေသအချို့တွင် ကန့်သတ်မှုများအား ဆက်လက်ဖြေလျှော့ထားလျှင်ပင် တရုတ်သည် ကူးစက်မှုလှိုင်းအသစ်ကို ကြုံရနိုင်ကြောင်း စိုးရိမ်မှုများကို ယခုကူးစက်မှုသစ်များက အားကောင်းစေခဲ့သည်။
တရုတ်အလယ်ပိုင်း ဝူဟန်မြို့၏ ခရိုင်တစ်ခုတွင် ကူးစက်သူသစ် ငါးဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သောနှစ်နှောင်းပိုင်း၌ ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်သစ် ကူးစက်ပျံ့နှံ့မှုကို စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် Lockdown ချမှတ်မှုများကြောင့် ကူးစက်ခံရသူအရေအတွက် အလွန်အမင်းကျဆင်းခဲ့ကာ ပြီးခဲ့သော သီတင်းပတ်လေးပတ်ခန့်ကLockdown ကို ဖြေလျှော့ပေးခဲ့သည်။
ဝူဟန်မြို့မှတစ်ဆင့် အနီးပတ်လည်ရှိ ဟူပေပြည်နယ်ကို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခဲ့ရာ အာဏာပိုင်များက ခရီးသွားလာမှုနှင့် သွားလာလှုပ်ရှားများအား အလွန်အမင်းကန့်သတ်ခဲ့သဖြင့် ကူးစက်ပျံ့နှံ့မှုအား ဟန့်တားမှုတွင် အောင်မြင်ခဲ့သည်ဟု ယူဆရသည်။
ရောဂါအား ထိန်းချုပ်နိုင်ပြီဟု တာဝန် ရှိသူများက ပြောကြားလျက် ဝူဟန်နှင့် အဝင်အထွက်သွာလာမှုများအား ခွင့်ပြုခဲ့ကာ မကြာသေးမီ သီတင်းပတ်များအတွင်း Lockdown စီမံချက်များကို ဖြေလျှော့ပေးခဲ့သည်။
သို့သော် ဝူဟန်တွင် မေ ၁၀ ၌ ကူးစက်သူသစ်တစ်ဦးနှင့် မေ ၁၁ တွင် နောက်ထပ် ငါးဦးကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုကူးစက်သူသစ်အားလုံးသည် နေအိမ်ဝင်းတစ်ခုထဲမှဖြစ်ပြီး အများစုသည် သက်ကြီးပိုင်းများဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုကူးစက်မှုသစ်ဖြစ်ပွားခဲ့သည့် ခရိုင်မှ တာဝန်ရှိသူတစ်ဦးသည် ဗိုင်းရပ်စ်ထိန်းချုပ်မှု ကြိုးပမ်းရာတွင် လုံလောက်မှုမရှိဟုဆိုကာ ရာထူးမှ ထုတ်ပယ်ခံရသည်။
ဟူပေပြည်နယ်တစ်လွှားတွင်လည်း ရောဂါလက္ခဏာမပြသဘဲ ကူးစက်သူသစ် ၁၃ ဦးကို တွေ့ရှိခဲ့သည်။ တရုတ်အစိုးရသည် ရောဂါလက္ခဏာပြသသူနှင့် ရောဂါလက္ခဏာ မပြသူများအား သီးခြားခွဲ၍ မှတ်တမ်းတင်နေသည်။
ကူးစက်သူအရေအတွက်သည် သီတင်းပတ်နှင့်ချီ ကျဆင်းခဲ့ပြီးနောက် ကူးစက်မှုတစ်ကျော့ပြန် ဖြစ်ပွားနိုင်မှုအန္တရာယ်အား လူဦးရေ ၆၇၀၀၀၀ ခန့်နေထိုင်သည့် ရှုလန်မြို့တွင် အစုလိုက်ကူးစက်မှုသစ်က သတိပေးခဲ့သည်။
ကူးစက်ခံရသူသစ် သုံးဦးကို တွေ့ရှိခဲ့ရသော တရုတ်အရှေ့မြောက်ပိုင်းရှိ ရှုလန်မြို့တွင် အာဏာပိုင်များက ဒေသခံများအား နေအိမ်ထဲတွင်သာနေရန် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ခရီးသွားလာမှုများအား ပိတ်ပင်ခဲ့သည်။
ထိုမြို့မှ ထွက်ခွာသော အငှားယာဉ်နှင့် ရထားများအပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို မေ ၁၀ တွင် ဆိုင်းငံ့ခဲ့ပြီး ကျီလင်းပြည်နယ်က အရေးပေါ်အခြေအနေ တပ်လှန့်မှုကို အမြင့်ဆုံးသို့ တိုးမြှင့်ခဲ့ကြောင်း အစိုးရရုပ်သံ CCTV က ဖော်ပြခဲ့သည်။
ကျီလင်းပြည်နယ်၏ မြို့တော်က ရှုလန်မြို့မှ ရောက်လာသူများအား ၂၁ ရက် ရောဂါခြေချုပ်ဖြင့် နေထိုင်ရန်နှင့် Nucleic Acid စမ်းသပ်မှု လေးကြိမ်ကို မဖြစ်မနေ ဆောင်ရွက်ရမည်ဟု ညွှန်ကြားခဲ့သည်။
မေ ၁၁ တွင် တွေ့ရှိခဲ့သော ကူးစက်မှုသစ် ငါးခုသည် ဗိုင်းရပ်စ်ကူးစက်မှုမရှိသေးကြောင်း အခိုင်အမာထုတ်ပြန်ထားသော မြောက်ကိုရီးယားနှင့် နယ်စပ်ထိစပ်နေသည့် တရုတ်အရှေ့မြောက်ပိုင်း၏ မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လေးသန်းကျော်ရှိလာပြီဖြစ်ပြီး တရုတ်တွင် ကူးစက်သူ ၈၃၀၀၀ ခန့်နှင့် သေဆုံးသူ ၄၆၀၀ ကျော် ရှိသည်။
တရုတ်တစ်နိုင်ငံလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူသည် တစ်လနီးပါးကြာ ကင်းစင်ခဲ့ပြီးနောက် လူနေမှုဘဝများသည် လနှင့်ချီ အဟန့်အတားကြုံခဲ့ရပြီးနောက် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်သွားနေပြီဖြစ်သည်။
ရှန်ဟိုင်းရှိ ဒစ္စနေလန်းကို မေ ၁၁ တွင် ပြန်ဖွင့်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများနှင့် အားကစားခန်းမများအား ပြန်လည်ဖွင့်လှစ်ရန်အတွက် အစိုးရက ပြီးခဲ့သော သီတင်းပတ်တွင် အတည်ပြုခဲ့သည်။
မြို့တော် ပေကျင်းတွင် အထက်တန်းကျောင်းသားများအား ကျောင်းပြန်တက်ရန် ခွင့်ပြုခဲ့ပြီးနောက် သီတင်းပတ်အကြာတွင် မေ ၁၁ ၌ ကျောင်းများကို ပိုမိုဖွင့်လှစ်ခဲ့ကြသည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား မှိန်ချမှုနှင့် သတင်းအချက်အလက်များအား ဖုံးကွယ်ထားမှုအတွက် တရုတ်အစိုးရသည် ပြည်တွင်းနှင့် ပြည်ပတွင် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် ဗိုင်းရပ်စ်ကြောင့် ကူးစက်သူနှင့် သေဆုံးသူအရေအတွက်အား တရုတ်အစိုးရ၏ တရားဝင်ထုတ်ပြန်မှုကို သံသယဝင်ခဲ့ကြသည်။
ပေကျင်းကမူ ၎င်းတို့သည် သီတင်းအချက်အလက်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားနိုင်ငံများကို အချိန်နှင့်တစ်ပြေးညီ အမြဲတမ်းမျှဝေခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်