
ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလအတွင်း HIV ကူးစက်ခံထားရသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ထောက်ပံ့မှု အဆက်ပြတ်မည်ဆိုပါက အာဖရိကအောက်ပိုင်းတွင် AIDS ရောဂါနှင့် ဆက်နွယ်၍ သေဆုံးသူအရေအတွက် နှစ်ဆရှိလာနိုင်သည်ဟု ကုလသမဂ္ဂက မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
COVID-19 ကပ်ရောဂါကြောင့် Antiretroviral ကုထုံး ခြောက်လ အဆက်ပြတ်ခြင်းကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အာဖရိကအောက်ပိုင်းဒေသတွင် သေဆုံးသူအရေအတွက် နောက်ထပ် ၅၀၀၀၀၀ ကျော် ရှိလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် UNAIDS တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၁၈ ခုနှစ်က နောက်ဆုံးထုတ်ပြန်ခဲ့သည့် စာရင်းများတွင် အာဖရိကအောက်ပိုင်းတွင် AIDS ရောဂါနှင့် ဆက်စပ်ပြီး သေဆုံးသူ ၄၇၀၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။
HIV ဝန်ဆောင်မှုများ ပိတ်ထားခြင်း၊ Supply Chain များ အဆက်ပြတ်ခြင်း (သို့မဟုတ်) COVID- 19 ကပ်ရောဂါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖိစီးမှုတို့ ဖြစ်လာပါက အကျိုးသက်ရောက်မှု ရှိလာမည်ကို ကုလသမဂ္ဂအဖွဲ့အစည်း နှစ်ခုက သတိပေးခဲ့သည်။
HIV ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းများ ခြောက်လအဆက်ပြတ်မှုသည် အာဖရိကအောက်ပိုင်းတွင် AIDS နှင့် ဆက်စပ်ပြီး လူ ၉၅၀၀၀၀ ကျော် စံချိန်တင်သေဆုံးခဲ့သည့် ၂၀၀၈ ခုနှစ်က အခြေအနေသို့ ပြန်လည်ရောက်ရှိစေနိုင်သည်ဟု ယင်းအေဂျင်စီများအတွက် နမူနာ ထုတ်ပေးသည့် အဖွဲ့များက ခန့်မှန်းခဲ့သည်။
“အာဖရိကမှာ AIDS ရောဂါနဲ့ ဆက်စပ်တဲ့နာမကျန်းမှုကြောင့် လူသန်းတစ်ဝက် သေဆုံးမယ့် ကြောက်မက်ဖွယ် အလားအလာက သမိုင်းကို နောက်ပြန်သွားသလိုမျိုးပါပဲ” ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။
အကျိုးဆက်များကြောင့် လာမည့်ငါးနှစ်ကျော်အတွင်း သေဆုံးမှုအရေအတွက်သည် မြင့်တက်နေဦးမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အာဖရိကအောက်ပိုင်းတွင်၂၀၁၈ ခုနှစ်တွင် HIV ကူးစက်ခံထားရသူ ၂၅.၇ သန်းခန့်ရှိပြီး ယင်းတို့အနက် ၁၆.၄ သန်းသည် Antiretroviral ကုထုံးဖြင့် ကုသမှုခံယူခဲ့သည်။
နိုင်ငံအချို့တွင် ကိုယ်တိုင်စစ်ဆေးမှု လုပ်နိုင်သည့် ကိရိယာများနှင့် ကုသမှုပစ္စည်း များများ စုဆောင်းထားခြင်းကဲ့သို့သော စီမံချက်များကို အကောင်အထည်ဖော်ဆောင် ခဲ့ပြီးဖြစ်သည်ဟု Tedros က ပြောကြားခဲ့သည်။
“စစ်ဆေးရေးကိရိယာတွေနဲ့ ဆေးဝါးကုသမှုကို လိုအပ်တဲ့နိုင်ငံတွေဆီ စဉ်ဆက်မပြတ်ရောက်ရှိစေဖို့ လုပ်ဆောင်ရမယ်” ဟု Tedros က ပြောကြားခဲ့သည်။
နမူနာထုတ်ပေးသည့် အဖွဲ့ငါးဖွဲ့သည် COVID-19 ကြောင့် စမ်းသပ်မှု၊ ကာကွယ်မှုနှင့် ကုသမှုများ အဆက်ပြတ်မှုကြောင့် ဖြစ်လာနိုင်ခြေရှိသည့် အကျိုးသက်ရောက်မှုအတွက် ကွဲပြားသည့် ချဉ်းကပ်မှုများကို အသုံးပြုခဲ့ကြသည်။
ကုလသမှုခြောက်လကြာ အဆက်ပြတ်မှုကြောင့် တစ်နှစ်အတွင်း AIDS နှင့် ဆက်စပ်၍ သေဆုံးမှုသည် ၄၇၁၀၀၀ မှ ၆၇၃၀၀၀ အတွင်းရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဟန့်အတားဖြစ်ခြင်းသည် မိခင်မှ ကလေးသို့ HIV ကူးစက်မှုကို ကာကွယ်ပေးမှုတွင် ရလဒ်များ ပြောင်းပြန်ဖြစ်သွားနိုင်သည်ဟုလည်း ယင်းအေဂျင်စီများက ခန့်မှန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်