
ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် ကပ်ရောဂါကြောင့် သန်းနှင့်ချီသော အင်ဒိုနီးရှားနိုင်ငံသားများသည် ကုန်ကျစရိတ်ကို ကာမိစေရန် လုံလောက်သည့် ငွေကြေးရရှိရန် ရုန်းကန်နေရသည်။ မရှိမဖြစ်လိုအပ်သော အာရှအဓိကစားကုန် လိုအပ်သူများအတွက် အခွင့်အလမ်းပိုမိုရရှိစေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ဆန်ထုတ်ပေးသော ATM စက်များကို အာဏာပိုင်များက စတင်မိတ်ဆက်ပေးခဲ့သည်။
ယခုလတွင် ဂျကာတာမြို့စွန် Depok အရပ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ဆန်ရိက္ခာ ၁.၅ ကီလိုဂရမ်ရရန် နှာခေါင်းစည်းများတပ်ဆင်ပြီး တန်းစီစောင့်ဆိုင်းနေသူများထဲတွင် အသက် ၂၈ နှစ် အရွယ်ရှိ လင်ဒါဆယာဖရီ အမည်ရ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ပါဝင်ခဲ့သည်။
“ပြီးခဲ့တဲ့သီတင်းပတ်မှာ ကျွန်မကို ကုမ္ပဏီက အလုပ်ဖြုတ်ခဲ့တယ်။ ကျွန်မအမျိုးသားလည်း နစ်နာကြေးမရဘဲ အလုပ်ဖြုတ်ခံခဲ့ရတယ်။ ဆန်ထောက်ပံ့ပေးမှုက အများကြီးမဟုတ်ပေမယ့်လည်း ဒီအခြေအနေမှာ အရမ်းကို အထောက်အကူဖြစ်ခဲ့တယ်” ဟု ဆယာဖရီက ပြောကြားခဲ့သည်။
ဆန်ပေးဝေမှုသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွင် အဆိုးဆုံးအထိနာသူများအတွက် ထောက်ပံ့ပေးမည့် အစိုးရ၏ စီမံချက်တစ်ခု ဖြစ်သည်။ အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသန်းနှင့်ချီ အလုပ်အကိုင်ဆုံးရှုံးခဲ့သည်။
အရည်အသွေးကောင်းသည့် ဆန်ကီလိုဂရမ်များစွာထည့်ထားသည့် စက်များကို သံလိုက်ပါသောကဒ်များဖြင့် အသုံးပြုရမည်ဖြစ်သည်။ ယင်းစက်များသည် ပုံမှန်ငွေထုတ်သည့်စက်များနှင့် ဆင်တူသော်လည်း ငွေစက္ကူအစား ဆန်များသာ ထွက်ရှိမည်ဖြစ်သည်။
“ဒေသခံ ၁၀၀၀ ဝန်းကျင်အတွက် နေ့တိုင်း ဆန် ၁.၅ တန် ပြင်ဆင်ထားရတယ်။ သီတင်းပတ်အကုန်နေ့တွေတောင် တစ်ရက်မှမနားဘဲ နေ့တိုင်း ဆန်ဝေတာတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ တောက်လျှောက် ဝေငှပေးသွားမှာပါ” ဟု ဆန်ပေးဝေမှုကို ကြီးကြပ်သည့် အီဘရာဟင် အမည်ရ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
COVID- 19 ကူးစက်မှုကို တုံ့ပြန်မှုအဖြစ် အင်ဒိုနီးရှားအစိုးရက ဒေါ်လာ ၂၅ ဘီလျံတန်ဖိုးရှိ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် လုပ်ဆောင်သည့် အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး စားနပ်ရိက္ခာ အထောက်အပံ့ပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားခ ကောက်ခံမှု စျေးလျှော့ပေးခြင်းအပါအဝင် အိမ်ထောင်စု ၁၀ သန်းအထိ လူမှုဖူလုံရေး ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်