
နိုင်ငံအချို့တွင် COVID-19 ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ ကျဆင်းမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၁၁ တွင် ဂုဏ်ပြုခဲ့သော်လည်း ထိုနိုင်ငံများတွင် ၎င်းတို့၏ကန့်သတ်ချက်များအား စတင်ဖြေလျှော့ပေးနေစဉ် အလွန်အမင်း သတိထားကြရန်လည်း တိုက်တွန်းခဲ့သည်။
ဥရောပ၏ နေရာအများအပြားတွင် မေ ၁၁ မှစတင်၍ ၎င်းတို့၏ Lockdown စီမံချက်များအား ဖြေလျှော့သော ရှည်လျားသည့်လုပ်ငန်းစဉ်ကို စတင်ခဲ့ကြပြီး ပြင်သစ်နှင့် စပိန်တို့ကဲ့သို့ နိုင်ငံများတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ကျဆင်းခဲ့မှုကြောင့် ယင်းကဲ့သို့ဖြေလျှော့ရန် ရဲဆေးတင်ပေးခဲ့သည်။
သတင်းကောင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုအား နှေးကွေးစေရန်နှင့် အဆုံးစွန်တွင် လူ့အသက်များအား ကယ်တင်နိုင်ရန် အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့ခြင်းဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။
Lockdown စီမံချက်များအား တဖြည်းဖြည်းဖယ်ရှားပေးမှုသည် မျှော်လင့်ချက် အမှတ်လက္ခဏာဖြစ်ကြောင်း WHO ၏ အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းမှုဆိုင်ရာအကြီးအကဲ Michael Ryan က ပြောကြားခဲ့သည်။
သို့သော် အလွန်အမင်း သတိရှိမှုလိုအပ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
နိုင်ငံအများအပြားတွင် အကောင်အထည်ဖော်ခဲ့ကြသော ပြင်းထန်သည့် တုံ့ပြန်ဆောင်ရွက်ချက်များသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား အစမ်းသဘော ထိန်းသိမ်းကိုင် တွယ်ခွင့်ရရှိခဲ့ပြီး ကူးစက်မှုလှိုင်းသစ်များ ဖြစ်ပေါ်လာမည်ကို ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ခဲ့ကြသည်။
ကူးစက်မှု ဒုတိယလှိုင်းကို ရှောင်လွှဲနိုင်ရန်အတွက် နိုင်ငံများအနေဖြင့် ကူးစက်မှုသစ်များအား ဖော်ထုတ်ခြင်း၊ ခြေရာခံခြင်းနှင့် ထိတွေ့မှုရှိသူအားလုံးကို သီးခြားခွဲထားခြင်း လုပ်ဆောင်နိုင်ရေးအတွက် အများပြည်သူ ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုများကို တိုးမြှင့်ရန် Ryan က တိုက်တွန်းခဲ့သည်။
နိုင်ငံအများအပြားတွင် ၎င်းတို့၏ အများပြည်သူဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်ကို တိုးမြှင့်ရန်အတွက် အလွန်စနစ်ကျသော ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နေကြသော်လည်း အခြားနိုင်ငံများကမူ ဆောင်ရွက်ခြင်းမရှိကြကြောင်း ၎င်းက သတိပေးခဲ့သည်။
အစုလိုက် ကူးစက်မှုများအား စစ်ဆေးရန်နှင့် ဖော်ထုတ်ရန် စွမ်းရည်နိမ့်ပါးသော နိုင်ငံများတွင် ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပါက ရောဂါတစ်ဖန်ဖြစ်ပွားမှု အန္တရာယ်သည် အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း Ryan က ပြောကြားခဲ့သည်။
နိုင်ငံအချို့သည် ၎င်းတို့တွင် အခွင့်အလမ်းများ ရှိနေချိန်၌ ရောဂါစစ်ဆေးမှုနှင့် ခြေရာခံသည့် လုပ်နိုင်စွမ်းကို တိုးမြှင့်ခြင်းမရှိဘဲ မျက်ကွယ်ပြုထားကြကြောင်း ၎င်းက နိုင်ငံအမည်ကို မထုတ်ဖော်ဘဲ ဝေဖန်ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ဟန့်တားရန်အတွက် လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုများအား ပြုလုပ်ခြင်းမရှိလျှင်ပင် နိုင်ငံအချို့တွင် ၎င်းတို့၏ ပြည်သူများအား Herd Immunity ဟုခေါ်သော လူအစုလိုက် ရောဂါခံနိုင်ရည် အလျင်အမြန်ရရှိစေရန် လုပ်ဆောင်နေသည့်ပုံစံကို WHO က သတိပေးခဲ့သည်။
လူတစ်ဦးသည် ကူးစက်ခံရခြင်း ရှိ မရှိ ဆုံးဖြတ်ရန်အတွက် သွေးထဲတွင် ပဋိပစ္စည်းများရှိမှုကို ဖော်ထုတ်သော Serological လေ့လာမှုဟုခေါ်သည့် လေ့လာမှု ၉၀ ကျော်ကို နိုင်ငံအများအပြားတွင် ဆောင်ရွက်နေကြသည်။
ထိုလေ့လာမှုများအား WHO က အရေးတကြီး ချင့်တွက်မှု မလုပ်ရသေးသော်လည်း ကနဦးတွင် ထုတ်ပြန်ထားသောရလဒ်များအရ လူများ၏ တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ရောဂါကာကွယ်သော ပဋိပစ္စည်းများ ရှိနေကြောင်း ပြသခဲ့သည်ဟု WHO ၏ COVID-19 ဆိုင်ရာ လုပ်ထုံး လုပ်နည်းဆိုင်ရာ အဖွဲ့ဦးဆောင်သူ Maria Van Kerkhove က ပြောကြားခဲ့သည်။
ယင်းအတွက်ကြောင့် လတ်တလောအထိ လူအချိုးအစားအနည်းငယ်ကသာ ရောဂါကာကွယ်နိုင်စွမ်း ရရှိထားကြောင်းကို အဆက်မပြတ် ညွှန်းဆိုမှုရှိနေဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရောဂါကူးစက်မှုအများစုသည် လက္ခဏာမပြင်းထန်ဘဲ စစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူထားမှုများကို အစောပိုင်းရလဒ်များက လှည့်စားခဲ့ကြောင်း Ryan က ပြောကြားခဲ့သည်။
ကနဦးတွင် ထွက်ပေါ်ခဲ့သောရလဒ်များသည် ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး အမှန်တကယ်မှာမူ ဆေးပညာအရ အလွန်အမင်း ရောဂါလက္ခဏာပြင်းထန်နေသူများ၏ အချိုးသည် ယခင်ထင်ထားမှုထက် ပိုမိုများပြားနေခဲ့ကြောင်း၊ COVID-19 ရောဂါသည် ပြင်းထန်သောရောဂါဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်