Top News

တိုင်ဆန်ဖျူရီ - ဂျိုရှူအာပွဲ ထိုးသတ်ဖြစ်လျှင် ဖျူရီ အပြတ်အသတ်သာမည်ဟု ကမ္ဘာ့စူပါဖယ်သာဝိတ်တန်းချန်ပီယံဟောင်း ဖြစ်သူ ဘယ်ရီဂျုံးစ် သုံးသပ်
24htopnews | January 13, 2025 3:12 PM CST

 

ဗြိတိန်နာမည်ကျော်ဟဲဗီးဝိတ် လက်ဝှေ့သမား နှစ်ဦးဖြစ်သည့် တိုင်ဆန်ဖျူရီနှင့် အန်သိုနီဂျိုရှူအာပွဲ ထိုးသတ်ဖြစ်လျှင် တိုင်ဆန်ဖျူရီ အပြတ်အသတ် အသာစီးရမည်ဟု ကမ္ဘာ့စူပါဖယ်သာဝိတ်တန်းချန်ပီယံဟောင်း ဖြစ်သူ ဘယ်ရီဂျုံးစ်က သုံးသပ်ခဲ့သည်။

ဗြိတိန်ပြိုင်ဘက်နှစ်ဦးသည် ကြိုးဝိုင်းအတွင်း တွေ့ဆုံရန် ကာလကြာရှည် သတင်းထွက်ခဲ့သူများဖြစ်ပြီး မကြာမီကထိုးသတ်ထားသည့် ကမ္ဘာ့ချန်ပီယံခါးပတ်ပွဲများတွင်လည်း နှစ်ဦးစလုံး ရှုံးပွဲကိုယ်စီ ကြုံတွေ့ထားခဲ့ကြသည်။ တိုင်ဆန်ဖျူရီ(၃၆ နှစ်)သည်  အူဆိုက်အား ထပ်မံအရေးနိမ့်ခဲ့သည့် ပွဲပြီးနောက် လက်ဝှေ့လောကမှ အနားယူမည့်အစီအစဉ် မရှိသေးကြောင်း လည်း အတည်ပြုထားသည်။ 

Gipsy King ဟု နာမည်ပြောင်ရသည့် တိုင်ဆန်ဖျူရီအနေဖြင့် အူဆိုက်နှင့်ပွဲတွင် လက်ဝှေ့လောကအတွက် ပေးဆပ်စရာကျန်သေးကြောင်း ပြသခဲ့သည်ဟုလည်း ဘယ်ရီဂျုံးစ်က ယုံကြည်လျက်ရှိသည်။ 

"တို်င်ဆန်ဖျူရီက အပြတ်အသတ်သာပါတယ်။ ယေဘုယျအနေနဲ့ သုံးသပ်ရင် ဖျူရီက အမြဲတမ်းလိုလို အနည်းငယ်သာနေခဲ့တယ်။ သူဟာ ဂျိုရှူအာနဲ့ ထိုးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ ဒီမျိုးဆက်ရဲ့ လက်ဝှေ့သမားတိုင်းကို အနိုင်ယူချင်လို့ပါပဲ"ဟု ဘယ်ရီဂျုံးစ်က 5 Live Boxing သို့ ပြောကြားခဲ့သည်။ 

ထို့ပြင် ဘယ်ရီဂျုံးစ်က ယင်းပွဲထိုးသတ်ဖြစ်လျှင် ဗြိတိန်မှာပင် ပြုလုပ်ဖွယ်ရှိသည်ဟုလည်း ယုံကြည်လျက်ရှိသည်။


READ NEXT
Cancel OK