
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က မိမိအနေဖြင့် လက်ရှိအသင်းလူစာရင်းကို ကျေနပ်မှုရှိကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နွေက မာမာဒက်ရှ်ဗလီနှင့် ခီယေဆာတို့ကိုသာ ခေါ်ယူခဲ့ပြီး မာမာဒက်ရှ်ဗလီကို ဗလင်စီယာထံ တစ်ရာသီ အငှားပြန်ချခဲ့သည်။
ယခုဇန်နဝါရီတွင် လီဗာပူးလ်အနေဖြင့် လူသစ်ခေါ်ယူဖွယ်ရှိသည်ဟု သတင်းထွက်နေသော်လည်း အာနယ်ဆလော့က အသင်းလူစာရင်းကို ကျေနပ်မှုရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အာနယ်ဆလော့က အသင်းအနေဖြင့် ယခုဇန်နဝါရီစျေးကွက် အခြေအနေကို စောင့်ကြည့်နေသော်လည်း ၎င်းအနေဖြင့် လက်ရှိအသင်း၏လူစာရင်းအပေါ် ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လီဗာပူးလ်အသင်းသည် မစ်ဒယ်ဘရော့အသင်းတွင် အငှားချထားသည့် လူငယ်တိုက်စစ်ကစားသမား ဘန်ဒုတ်အတွက် ခရစ္စတယ်ပဲလေ့စ်နှင့် အစ်ဝစ်ချ်အသင်းတို့၏ ပေါင်သန်း (၂၀) ဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှုများကိုလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်