
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မိမိတို့အသင်းအနေဖြင့် မန်စီးတီးတိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အတည်ပြုပြောကြားသည်။
ဘာစီလိုနာနည်းပြသစ် ဇာဗီသည် လာမည့်ဇန်နဝါရီတွင် ကစားသ မားသစ်များခေါ်ယူရန် စီစဉ်နေပြီး ဖယ်ရန်တောရက်စ်မှာ ဦးစားပေးပစ်မှတ်ဖြစ်ကြောင်း သိရသည်။
လာပေါ်တာက "ဇာဗီက ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ ကျွန်တော်တို့ကို တောင်းဆိုထားပါတယ်။ အဲဒီအတွက် အဆင် ပြေအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲမှာ ဖယ်ရန်တောရက်စ်လည်းပါ ပါတယ်။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ"ဟု ပြောကြားသည်။
အသက် (၂၁) နှစ်အရွယ်ရှိ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်သည် မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်အတွက် ယူရိုသန်း ၇၀ အလိုရှိနေပြီး ယင်းပမာဏကို ဘာစီလိုနာအသင်းအနေဖြင့် ပေးချေနိုင်ဖွယ်မရှိကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်