
မန်ယူအသင်းနည်းပြသစ် ရန်းနစ်က အသင်းအား ပွဲကိုထိန်းချုပ်ကစားနိုင်သည့် အသင်းအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်နည်းဗျူဟာဖြင့် ကစားနိုင်အောင် ကြိုးစားသွားမည်ဟု ပြောကြားသည်။
ရန်းနစ်သည် ဒီဇင်ဘာ ၃ ရက်တွင် မန်ယူနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နည်းပြ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ၎င်းနေရာတွင် ရန်းနစ်ကို ခြောက်လစာချုပ်ဖြင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ရန်းနစ်က "မန်ယူအသင်းအနေနဲ့ အနာဂတ်မှာ ပွဲကိုထိန်းချုပ်ကစားပြီး ကိုယ်ပိုင် နည်းဗျူဟာနဲ့ ကစားနိုင်တဲ့အသင်းဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါမှ အသင်းလိုက် စွမ်းဆောင်ရည်ပိုကောင်းလာမှာဖြစ်သလို ကစားသမားတွေအနေနဲ့ စုစုစည်းစည်းနဲ့ကစားပြီး အသင်းရဲ့စိတ်ဓာတ်ပိုင်းလည်း တိုးတက်လာပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့က မလွယ်သလို ကျွန်တော့်အနေနဲ့ အချိန်တိုအတွင်း လုပ်နိုင်မှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်က မန်ယူအသင်းကို ပွဲကိုထိန်းချုပ်ကစားနိုင်တဲ့ အ သင်းဖြစ်အောင် တည်ဆောက်ဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရန်းနစ်က ဆိုးလ်ရှား နည်းပြရာထူးမှ ထုတ်ပယ်ပြီးနောက် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သည့် မိုက်ကယ်ကာရစ်အား ၎င်းင်း၏နည်းပြအဖွဲ့တွင် ဆက်ထိန်းထားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်