Top News

တစ်နှစ်တာအကောင်းဆုံး မန်နေဂျာဆုကို အေစီမီလန်အသင်း နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီ ရရှိ
24htopnews | January 13, 2025 8:12 AM CST

 

အေစီမီလန်အသင်း နည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီသည် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယင်းဆုမှာ The Philosopher ဟု ထင်ရှားသည့် နာမည်ကြီး အီတလီနည်းပြဟောင်း မန်လီယိုစကိုပစ်နိုကို ဂုဏ်ပြုပေးအပ်သည့် ဆုဖြစ်ပြီး မာလ်ဒီနီအနေဖြင့် ငွေကြေးနှင့် အခက်အခဲများကြား ရုန်းကန်နေရသည့် အေစီမီလန်အသင်းအား ချန်ပီယံဆုစိန်ခေါ် နိုင်ရန်နှင့် ဥရောပဝင်ခွင့် ပြန်လည်ရရှိစေရန် စွမ်းဆောင်ပေးနိုင်သဖြင့် ချီးမြှင့်ခံရခြင်းဖြစ်သည်။

"အေစီမီလန်၊ အီတလီတို့နဲ့အတူ အောင်မြင်တဲ့သမိုင်းကြောင်း ပိုင်ဆိုင်ပြီးတဲ့နောက် သူက ဒါရိုက်တာကောင်းတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဖော်ပြနိုင်ခဲ့ပါတယ်။ သူဟာ အေစီမီလန်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာတစ်ယောက်အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်ရည်မှန်းချက်နဲ့ အားကစားကဏ္ဍမှာလည်း ကောင်းမွန်တဲ့ရလဒ်တွေကို ပေါင်းစပ်ပေးနိုင်ခဲ့ပါတယ်။ သူဟာ မီလန်ကို ပြန်လည်အသက်သွင်းဖို့၊ အဆုံးမရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ စာမျက်နှာသစ်ရေးထိုးဖို့ အခြေခံကျတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်" ဟု ဆုရွေးချယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သည့် မာလ်ဒီနီ သည် ၂၀၀၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခဲ့ခြင်းမရှိဘဲ ၂၀၁၈ ခုနှစ်တွင် အေစီမီလန်အသင်း အားကစားနည်းဗျူဟာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာအဖြစ် ဆောင် ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် နည်းစနစ် ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်သည်။


READ NEXT
Cancel OK