
ကချင်လူမျိုး MMA ကစားသမား အောင်လအန်ဆန်က မိမိသည် ONE Championship သမိုင်းတွင် လွှမ်းမိုးမှုအရှိဆုံး ချန်ပီယံဖြစ်ခဲ့သလို မိမိထံမှ ချန်ပီယံဆုနှစ်ခုစလုံးကို ယူသွားခဲ့သည့် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် မကျေပွဲကို ခပ်မြန်မြန်ဆင်နွှဲလိုကြောင်း SCMP သို့ ပြောကြားခဲ့ကြောင်း သိရသည်။
အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်း ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုနှင့် ONE လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတို့ကို လက်လွှတ်ခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သူ ဒီရစ်ဒါနှင့် မကျေပွဲကို ခပ်မြန်မြန်သာ ရင်ဆိုင်ခွင့်ရရန် ဆန္ဒရှိနေကြောင်း SCMP နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
"လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားပေးပြီး ဖြေရှင်းဖို့ မကြိုးစားပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ လူကြီးလူကောင်းဆန်တဲ့ ဖိုက်တာတစ်ဦးဖြစ်တာကြောင့် ပြိုင်ဘက်တွေက ဘယ်လိုပဲပြောပါဦးတော့ သွေးပျက်စရာမရှိပါဘူး။ ဒီနေ့အထိ ကျွန်တော်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်တွေ၊ ကျွန်တော့်ကို စိန်ခေါ်လာတဲ့ ပြိုင်ဘက်တွေနဲ့ပတ်သက်ရင် ကျွန်တော်က လေးလေးစားစားပဲ ပြောဆိုဆက်ဆံခဲ့တာပါ။ ဒါကြောင့် ဝေဖန်မှုတွေ၊ စိန်ခေါ်မှုတွေအားလုံးကို ပိုကောင်းတဲ့သူဖြစ်ကြောင်း သက်သေပြတဲ့နည်းနဲ့ပဲ ဖြေရှင်းမှာဖြစ်ပါတယ်"ဟု အောင်လအန်ဆန်က ပြောကြားခဲ့သည်။
ထို့ပြင် "ကျွန်တော်က ONE Championship သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသော ၀ိတ်တန်းနှစ်ခုရဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကြားထဲမှာလည်း လီအန်ဒရိုကို အငြင်းပွားဖွယ်ရာ မရှိတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သူပါ။ ဒါက ကောင်းတဲ့အချက်လို့ အမြဲတမ်းယူဆပါတယ်။ ကျွန်တော်ဟာ ဖြစ်နိုင်ရင် ဒီရစ်ဒါနဲ့ မကျေပွဲကို ခပ်မြန်မြန်ပဲ ဆင်နွှဲလိုက်ချင်ပါတယ်။ ဒီလို အခွင့်အရေးရခဲ့ရင်လည်း အရင်ပွဲတွေနဲ့မတူတဲ့ ကွဲပြားခြားနားမှုမျိုးကို မြင်ရမယ်လို့ ကျွန်တော့်မှာ ယုံကြည်ချက်ရှိပါတယ်"ဟု အောင်လအန်ဆန်က ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲနှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်ပေါ်နေသလို ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်းအတွင်း ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ သို့သော် အောင်လအန်ဆန်ပါဝင်မည့် ပွဲစဉ်မှာ ဒီရစ်ဒါနှင့်ယှဉ်ပြိုင်ရမည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲ ဟုတ်၊ မဟုတ် မသိရသေးဘဲ ယူရှင်အိုကာမီနှင့်ပွဲစဉ်လည်း ဖြစ်နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်