Top News

မာရာဒိုနာကြောင့် မေဂျာလိဂ်ကို စွန့်ခွာ၍ ဥရောပသို့ ပြန်လာခဲ့ခြင်းဖြစ်သည်ဟု အီဘရာဟီမိုဗစ် ဖွင့်ဟ
24htopnews | January 13, 2025 8:12 AM CST

 

အေစီမီလန်အသင်း၏ ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က မာရာဒိုနာကြောင့် မေဂျာလိဂ်ကို စွန့်ခွာ၍ ဥရောပသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ထို့ ပြင် LAဂလက်ဆီအသင်းနှင့် စာချုပ်သက်တမ်းမတိုးခဲ့ခြင်းမှာ နာပိုလီအသင်းထံ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

"မာရာဒိုနာက ဒဏ္ဍာရီဆန်တဲ့သူတစ်ယောက်ပါ။ သူ့လိုမျိုး နာပိုလီအသင်းနဲ့ စီးရီးအေချန်ပီယံဆု ရယူချင်တာကြောင့် နာပိုလီအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ နည်းပြ အန်ဆယ်လော့တီကို ဒီလော်ရန်းတစ်က ထုတ်ပယ်လိုက်တာကြောင့် အေစီမီလန်ကို ပြန်ပြောင်းဖြစ်ခဲ့တာပါ"ဟု မိုဗစ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK