Top News

PSG အသင်းကစားပုံနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသော်လည်း ပြောင်းလဲမည်မဟုတ်ဟု ပိုချက်တီနိုပြောကြား
24htopnews | January 13, 2025 7:12 AM CST

 

PSG အသင်း၏ လက်ရှိကစားပုံနှင့်ပတ်သက်ပြီး ဝေဖန်မှုများထွက်ပေါ်နေသော်လည်း ပြောင်းလဲသွားမည်မဟုတ်ဟု အသင်းနည်းပြဖြစ်သူ ပိုချက်တီနိုက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက ကစားသမားများ၏ထောက်ခံမှုကိုလည်း ရရှိထားသည်ဟု ဝန်ခံခဲ့သည်။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခြေအနေကောင်းသလို၊ တည်ငြိမ်မှုလည်း ရှိပါတယ်။ ကျွန်တော့်မှာ ကစားသမားတွေရဲ့ ပံ့ပိုးကူညီမှုတွေလည်း ရရှိထားပါတယ်။ အသင်းကို ဝေဖန်တိုက်ခိုက်ကြတာတွေကို ကျွန်တော် နားလည်ပါတယ်။ ဒီဝေဖန်မှုတွေအပေါ်လည်း လေးစားမှုရှိပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်သလားလို့မေးလာရင် ကစားနိုင်ပါတယ်။ ကျွန်တော်တို့ တချို့ကဏ္ဍတွေမှာ တိုးတက်လာနိုင်သလားလို့မေးလာရင် တိုးတက်နိုင်ပါတယ်။ ဒါပေမဲ့ PSG ကို မီးမောင်းထိုးကြည့်ပြီး ကလပ်အသင်းပတ်ဝန်းကျင်က ဆူညံသံတွေဟာ  ကျွန်တော်တို့ကို တိုးတက်လာစေမှာ မဟုတ်ပါဘူး"ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။  

PSG အသင်းသည် ချန်ပီယံလိဂ်တွင် နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး ပြင်သစ်လိဂ် အမှတ်ပေးဇယားတွင် ၁၁ မှတ်အထိဖြတ်ကာ ဦးဆောင်လျက်ရှိသည်။ သို့သော် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီ ရောက်ရှိလာသည့် တိုက်စစ်ပိုင်းစွမ်းဆောင်ရည်မှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခြင်းကြောင့် ဝေဖန်ခံနေရခြင်းဖြစ်သည်။


READ NEXT
Cancel OK