Top News

မက်ဆီပြီးနောက် ဂိုးဧရိယာပြင်ပမှ သွင်းဂိုးဒုတိယအများဆုံးရယူနိုင်သူအဖြစ် အတ္တလန်တာအသင်းကစားသမား မာလင်လန်နော့ဗ်စကီး ရပ်တည်
24htopnews | January 13, 2025 7:12 AM CST

 

အတ္တလန်တာအသင်းကစားသမား မာလင်လန်နော့ဗ်စကီးသည် ၂၀၁၉၊ သြဂုတ်လမှစတင်၍ တွက်ချက်ပါက PSG အသင်းတိုက်စစ်မှူး မက်ဆီပြီးနောက် ဂိုးဧရိယာပြင်ပမှ သွင်းဂိုးအများဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

နာပိုလီအသင်းကို အတ္တလန်တာအသင်းက အဝေးကွင်း၌ (၃-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် မာလင်လန်နော့ဗ်စကီးက ဦးဆောင်ဂိုးအား ဂိုး ဧရိယာပြင်ပမှ လှလှပပ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ စတင်တွက်ချက် ပါက မာလင်လန်နော့ဗ်စကီး၏ ဂိုးဧရိယာပြင်ပမှ သွင်းဂိုးအရေအတွက်သည် (၁၃)ဂိုးအထိရှိလာခဲ့ပြီး မက်ဆီ (၁၉)ဂိုးပြီးနောက် ယင်းကာလအတွင်း အများဆုံးဖြစ်နေကြောင်း သိရသည်။ 

မာလင်လန်နော့ဗ်စကီးက "ကျွန်တော်တို့အသင်းက အားကောင်းတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့ ဂိုးစောစောရခဲ့ပေမဲ့ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့အသင်းက ရမှတ် (၃၄)မှတ်နဲ့ ဦးဆောင်သူ အေစီမီလန်နဲ့ (၄)မှတ်သာကွာဟပေမဲ့ စီးရီးအေချန်ပီယံဆုအကြောင်း မတွေးသေးပါဘူး။ တစ်ပွဲချင်းစီ အနိုင်ရအောင်ပဲ ကျွန်တော်တို့ ဦးတည်ကြိုးပမ်းသွားပါမယ်" ဟု ဆိုခဲ့သည်။


READ NEXT
Cancel OK