
လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအား စာချုပ်သက်တမ်းတိုးရေး ဆွေးနွေး နေမှုများမှာ တိုးတက်မှုမရှိသေးကြောင်း အသင်းနည်းပြဖြစ်သူ ယာဂန်ကလော့ပ်က အေစီမီလန်နှင့်ပွဲမတိုင်မီ ကြိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
"မို(ဆာလာ)နဲ့ပတ်သက်ပြီး ဘယ်သူ တိတိကျကျသိမှာလဲ။ မိုလိုကစားသမားတစ်ယောက်ကို စာချုပ်သက်တမ်းတိုးဖို့ဆိုတဲ့အကြောင်း ကျွန်တော်တို့ ပြောကြားရာမှာ မွန်းလွဲပိုင်းမှာ လက်ဖက်ရည်တစ်ခွက်သောက်သလို မဟုတ်ပါဘူး။ သဘောတူညီမှု ရှာဖွေရပါမယ်။ ဒါက သာမန်အခြေအနေပါ။ မိုလည်း ဒီအကြောင်းပြောခဲ့တယ်။ ပြီးတော့ ကျွန်တော် ဒါနဲ့ပတ်သက်ပြီး အနည်းငယ်သာ ပြောနိုင်ပါတယ်။ ကျန်တာတွေကတော့ အများရှေ့မှာ ပြောလို့မရပါဘူး။ သူပြုလုပ်တဲ့ အင်တာဗျူးက အင်္ဂလိပ်လိုလား၊ အာရဘီလိုလား ကျွန်တော် သေချာမသိပါဘူး။ ပြီးတော့ ဒါကို ဘာသာပြန်ပြီး အင်္ဂလန်ကို ရောက်လာတယ်။ ဒါပေမဲ့ ဆာလာလည်း အခြေအနေ ကောင်းသလို၊ ကျွန်တော်လည်း ဒီလိုပါပဲ။ ဒီလိုကိစ္စမျိုးက အချိန်ယူရမှာကို ကျွန်တော် တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်"ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
ဆာလာသည် လက်ရှိအချိန်တွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နောက်ဆုံး ၁၈ လအလိုအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်း၏ နည်းပြသစ်ဖြစ်လာသည့် ဇာဗီကလည်း မကြာသေးမီက ဆာလာကဲ့သို့ ကစားသမားမျိုးသာ နူးကမ့်ကို လာရောက်ကစားမည်ဆိုပါက အလွန်ဝမ်းမြောက်မိလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဆာလာက စာချုပ်သက်တမ်းကုန်ဆုံးရန် တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ စာချုပ်သစ်ကိစ္စကို ပြေလည်အောင် မဆောင်ရွက်နိုင်သေးသည့် အသင်း၏ စီမံခန့်ခွဲမှုအဖွဲ့အပေါ် စိတ်ပျက်နေပြီး ဘာစီလိုနာအသင်း၏ စိတ် ဝင်စားခြင်းခံနေရသည်ဆိုသည့် သတင်းများကိုလည်း ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ဆာလာသည် ၂၀၁၇ နွေရာသီတွင် ရိုးမားအသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၂၃ ပွဲတွင် ၁၄၄ ဂိုး သွင်းယူထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်