Top News

မန်ယူသို့ ရန်းနစ်ခေါ်ယူခဲ့သည့် အားကစားစိတ်ပညာရှင်မှာ အသင်းပစ်မှတ် တီမိုဗာနာ၏ ယောက္ခမလောင်းဖြစ်နေ
24htopnews | January 13, 2025 7:12 AM CST

မန်ယူအသင်းသို့ နည်းပြရန်းနစ် ခေါ်ယူခဲ့သော အားကစားစိတ်ပညာရှင် ဆက်ချာလန်ဆေမှာ ချယ်လ်ဆီးအသင်းမှ ဂျာမန်လက်ရွေးစင်တိုက်စစ်မှူး တီမိုဗာနာ၏ ယောက္ခမလောင်း ဖြစ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ရန်းနစ်သည် ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကို သူကိုင်တွယ်ခဲ့စဉ်က သူ၏လက်အောက်၌ ကစားခဲ့သော တီမိုဗာနာအား မန်ယူအသင်းသို့ ခေါ်ယူရန် မျက်စိကျနေကြောင်း သတင်းများထွက်ပေါ်နေပြီး ယခု၎င်း၏ ယောက္ခမဖြစ်လာတော့မည့် ဆက်ချာလန်ဆေကို မန်ယူသို့ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဆက်ချာလန်ဆေသည် လိုက်ပ်ဇစ်အသင်းတွင် ရန်းနစ်နည်းပြစဉ်က သူ၏လက်အောက်၌ အတူလက်တွဲခဲ့ဖူးသူဖြစ်ပြီး ထိုစဉ်ကတည်းက လန်ဆေ၏သမီးဖြစ်သူ ပေါ်လာနှင့် တီမိုဗာနာတို့ တွေ့ဆုံချစ်ကြိုက်ခဲ့ကြကြောင်းသိရှိရသည်။

တီမိုဗာနာနှင့် ပေါ်လာတို့သည် ၂၀၁၇ ခုနှစ်ကတည်းက အတူလက် တွဲခဲ့ကြသူများဖြစ်ပြီး ယခုအခါမန်ယူအသင်းသို့ လန်ဆေရောက်ရှိလာခြင်းကြောင့် တီမိုဗာနာအနေဖြင့် မန်ယူသို့ ပြောင်းရွှေ့ရန် ပိုမိုနီးစပ်လာကြောင်း Daily Mail ကဖော်ပြခဲ့သည်။


READ NEXT
Cancel OK