
၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဝင် ထိုင်းလက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဘရာဇီးလ်လူမျိုး အလက်ဇန္ဒားပေါ့ကင်းက မြန်မာအသင်းနှင့် ပွဲမတိုင်မီ (၅)ရက် နားခွင့်ရရှိခြင်းက မိမိတို့အသင်းအတွက် များစွာအကျိုးရှိစေကြောင်း ပြောကြားခဲ့သည်။
အလက်ဇန္ဒားပေါ့ကင်းက " တီမောအသင်းနဲ့ ကစားခဲ့ရတဲ့ပွဲက ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင် (၃)မှတ် ရယူနိုင်ခဲ့တဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့်အဖေ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ ကစားပွဲတစ်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ မပျော်မရွှင်ဖြစ်နေတာမျိုးက မဖြစ်သင့်ဘူးဆိုတာကိုပါ။ နောက်ပွဲ (မြန်မာအသင်း) အတွက် ကျွန်တော်တို့ (၅)ရက် နားခွင့်ရပါမယ်။ ဒါက ကျွန်တော်တို့အသင်းအတွက် အများကြီး အကျိုးရှိစေပါတယ်။ ကျွန်တော့်ကစားသမားတွေက ပြည်တွင်းမှာရော ဂျပန်နိုင်ငံမှာပါ ကစားနေတာ အခုထက်ထိ ကောင်းကောင်းအနားမရသေးပါဘူး။ သူတို့ အရမ်းပင်ပန်းနေကြပါတယ်။ ကျွန်တော်က သူတို့ (ကစားသမားများ) ဆီက ဘာမှမမျှော်လင့်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ စွမ်းဆောင်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော်သိနေလို့ပဲ။ မက်ဆီဂျေး(ချာနာသစ်)၊ သီရာသွန်တို့နဲ့လည်း ကျွန်တော် အထွေအထူး စကားပြောနေဖို့ မလိုပါဘူး။ သူတို့ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော် သိနေတာပဲ။ ကျွန်တော့်မှာ ပြည်တွင်းက အကောင်းဆုံးကစားသမားတွေရော၊ ဂျပန်မှာသွား ကစားနေတဲ့ ကစားသမားတွေရော ရှိနေတာပဲလေ။ ကျွန်တော်က မတူကွဲပြားတဲ့ ကစားဟန်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်မှန်သမျှကို ယူဆောင်ပေးမှာပါ" ဟု မီဒီယာ များအား ပြောကြားခဲ့သည်။
ထိုင်းလက်ရွေးစင်အသင်းနည်းပြ အလက်ဇန္ဒားပေါ့ကင်းသည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကစားသမားရွေးချယ်ရာတွင် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အင်္ဂလန်နှင့် ဂျပန်နိုင်ငံများတွင် သွားရောက်ကစားနေသည့် ကစားသမား (၅)ဦးကိုလည်း ထည့်သွင်းရွေးချယ်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းသည် ဒီဇင်ဘာ (၁၁) ရက် မြန်မာစံတော်ချိန် ည (၇) နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံပြီးနောက်ပိုင်း တစ်ကျော့ပြန်တွေ့ဆုံခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်