
စပါးအသင်းတွင် ကစားသမား (၈)ဦးနှင့် အသင်းအဖွဲ့ဝင် (၅)ဦး စုစုပေါင်း (၁၃)ဦးအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု အသင်းနည်းပြ ကွန်တီက ဒီဇင်ဘာ (၈)ရက်တွင် ပြောကြားခဲ့သည်။
"နေ့တိုင်းမှာ Positive အရေအတွက်က ပိုမိုများပြားလာတယ်။ ဒါဟာ ကောင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ ဘောလုံးအကြောင်း ပြောဖို့က မဖြစ်နိုင်ပါဘူး။ နောက်ဆုံးအခြေအနေက ကျွန်တော့်ကို အလွန်စိတ်မချမ်းမသာဖြစ်စေပါတယ်။ ဒီအနေအထားက စိုးရိမ်ရပါတယ်။ ဒါက အလွန်ကြီးမားတဲ့ ကူးစက်မှုပါပဲ။ ရန်းစ်အသင်းနဲ့ ကစားမယ့်ပွဲအတွက် ပြင်ဆင်ရတယ်။ ဒါက အလွန်ကို ခက်ခဲပါတယ်။ Training Session တစ်ခုပြီးတိုင်း ကစားသမားတစ်ယောက်၊ ဝန်ထမ်းတစ်ယောက် Positive တွေ့နေတဲ့ ပုံမျိုးဖြစ်နေတယ်။ မနက်ဖြန်မှာရော ဘယ်သူကူးစက်ခံရဦးမလဲ။ အခုချိန်မှာ ကျွန်တော်တို့ အတော်လေးကြောက်လန့်နေတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိလို့ပါ" ဟု ကွန်တီက ရန်းစ်နှင့်ပွဲအတွက် ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့သော် ကလပ်အသင်းအတွင်း ယခုကူးစက်ခံရသူများသည် ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်သည့် Omicron ဟုတ်၊ မဟုတ်နှင့်ပတ်သက်ပြီး ကွန်တီက ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စပါးအသင်းသည် ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ကစားရန်ရှိသည့် ဘရိုက်တန်အသင်းနှင့် အဝေးကွင်းပွဲစဉ်အား ရွှွေ့ဆိုင်းပေးရန်အတွက် ပရီးမီးယားလိဂ်တာဝန်ရှိသူများထံ တောင်းဆိုရန်စီစဉ်နေပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ယင်းပွဲအား ရွှွေ့ဆိုင်းသွားဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
စပါးအနေဖြင့် ဘရိုက်တန်နှင့်ပွဲအပြီးတွင် လက်စတာ၊ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နှင့် ပွဲကျပ်များ ဆက်တိုက်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်