Top News

ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် ပွဲကြိုသုံးသပ်ချက်
24htopnews | January 13, 2025 7:12 AM CST

■ နာပိုလီ နှင့် လက်စတာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

လက်စတာအသင်းက လက်ရှိမှာ အုပ်စုထိပ်ဆုံးရောက်နေပေမဲ့ ရမှတ်အနေအထားအရ ဘယ်အရာမှ သေချာရေရာတာ မရှိသေးဘဲ အရေးနိမ့်ခဲ့ရင် ကွန်းဖရန့်လိဂ်ကိုတောင် ဆင်းကစားရနိုင်တယ်။ နှစ်သင်းစလုံး လူစုံနီးပါးထုတ်ကစားနိုင်ပေမဲ့ နာပိုလီအသင်းက စီးရီးအေမှာ ရလဒ်တွေကျဆင်းလာလို့ ယူရိုပါလိဂ်ဘက်ကို အာရုံအပြည့်စိုက်ထားနိုင်ဖို့ မသေချာပါဘူး။ လက်စတာအသင်းက ဒီပွဲသရေကစားနိုင်ရုံနဲ့ နောက်တစ်ဆင့်တက်ရောက်မှာဖြစ်ပေမဲ့ Round of 16 အဆင့်ကို တိုက်ရိုက် ကစားခွင့်ရဖို့အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတယ်။ အီတလီမြေမှာကစားရတာဖြစ်ပေမဲ့ ဖိအားပိုများနေတဲ့ နာပိုလီအသင်းရဲ့လက်ရှိအနေအထားကြောင့် လက်စတာကိုပဲ ရွေးချင်တယ်။

■ ဆဲလ်တစ် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံး အမှတ်မလိုကြတော့ပေမဲ့ ဆဲလ်တစ်ကိုပဲ ရွေးချယ်ချင်တယ်။

■ ဖယ်ရန်ဗာရို့စ် နှင့် လေဗာကူဆင်  (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

နှစ်သင်းစလုံးအတွက် အရေးမပါတော့လို့ အိမ်ရှင်နဲ့ပဲ စွန့်စားချင်တယ်။

■ လာဇီယို နှင့် ဂါလာတာစာရေး (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

Round of 16 ကို တိုက်ရိုက်ကစားခွင့်အတွက် အုပ်စုပထမနေရာလုပွဲ ဖြစ်နေလို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ လာဇီယိုအသင်းက ပထမအကျော့မှာ သွင်းဂိုးမရဘဲ အရေးနိမ့်ထားပေမဲ့ အခုရာသီမှာ Away Goal Rule ကို ဖျက်သိမ်းထားလို့ အနိုင်ရရုံနဲ့ အုပ်စုပထမနေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားတဲ့ လာဇီယိုရဲ့အခုရာသီ အိမ်ကွင်းရလဒ်ပိုင်းကြောင့် အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်တယ်။

■ ဆိုစီဒက် နှင့် PSV (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဒီအုပ်စုမှာ မိုနာကိုအသင်းက အုပ်စုပထမနေရာသေချာ ပြီးသားဖြစ်နေလို့ ဆိုစီဒက်နဲ့ PSV တို့က ဒုတိယနေရာသာ ယှဉ်လုရတော့မှာပါ။ လတ်တလောရလဒ်ပိုင်းမှာ PSV အသင်းက အပြတ်အသတ်သာနေတယ်။ PSV အသင်း ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားချိန်မှာ ဆိုစီဒက်ကတော့  ပြိုင်ပွဲစုံ(၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ကစားရမှာက စပိန်မြေဖြစ်တဲ့အပြင် ကစားသမားပိုင်းလည်းသာတဲ့ ဆိုစီဒက် အနိုင်ကစားဖို့များတယ်။

■ ဝက်စ်ဟမ်း နှင့် ဒိုင်နမိုဇာဂရက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဝက်စ်ဟမ်းအဖို့ အမှတ်မလိုအပ်တော့ပေမဲ့ ဒိုင်နမိုဇာဂရက်အသင်းကတော့ နောက်တစ်ဆင့်တက်ခွင့်အတွက် တစ်မှတ်လိုနေသေးတယ်။ ဝက်စ်ဟမ်းအသင်း ဒိုင်နမိုဇာဂရက်ကို အမှတ်ပေးမှာပါ။

■ ဖီနာဘာချီ နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဖရန့်ဖတ်အသင်း အုပ်စုပထမနေရာရဖို့အတွက် အခုပွဲမှာ အမှားခံလို့မဖြစ်ပါဘူး။ ဖီနာဘာချီအသင်းကတော့ ကွန်းဖရန့်လိဂ်ကို ဆင်းကစားရဖို့ သေချာနေပြီးသားအသင်းပါ။ ဖီနာဘာချီတို့ အမှတ်မလိုတော့တဲ့ အနေအထားကြောင့် ဖိဖိစီးစီးကစားဖို့မရှိတာက ဖရန့်ဖတ်အတွက် တစ်ပန်းသာနေတယ်။ ဖရန့်ဖတ် အနိုင်ကစားမှာပါ။

■ စပို့တင်းဘရာဂါ နှင့် ဇဗက်ဒါ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အုပ်စုပထမနေရာအတွက် စပို့တင်းဘရာဂါအသင်း အနိုင်ကစားဖို့ လိုအပ်နေတယ်။ ပထမအကျော့ရှုံးကြွေးကို အိမ်ရှင် ပြန်ဆပ်လိမ့်မယ်။


READ NEXT
Cancel OK