Top News

ကွန်းဖရန့်လိဂ် အုပ်စုနောက်ဆုံးပွဲစဉ် ပွဲကြိုသုံးသပ်ချက်
24htopnews | January 13, 2025 7:12 AM CST

■ ဘေဆယ် နှင့် ကာရာဘတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ရောက်ပြီးသားဖြစ်ပေမဲ့ ပထမနေရာအတွက်တော့ အကြိတ်အနယ်ယှဉ်လုရဦးမယ်။ Away Goal စည်းမျဉ်းမရှိတော့လို့ အခုပွဲမှာ သရေထပ်ကျရင် ကာရာဘတ်ထက် ဂိုးပိုသွင်းထားတဲ့ ဘေဆယ်က အုပ်စုထိပ် ဆုံးနေရာနဲ့ နောက်တစ်ဆင့်တက်မှာဖြစ်တယ်။ ဒါ့အပြင် ဘေဆယ်အသင်းက အိမ်ကွင်းလက်ခံကစားရမှာဖြစ်လို့လည်း ပိုပြီးတစ်ပန်းသာနေတဲ့ အနေအထားပါ။ ဘေဆယ် အနိုင်ကစားဖို့များတယ်။

■ အူန်ယွန်းဘာလင် နှင့် ဆလားဗီးယားပရပ်ဂ်  (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အူန်ယွန်းဘာလင်အသင်းရဲ့ဘွန်ဒစ်လီဂါခြေစွမ်းက အထင်ကြီးစရာဖြစ်ပေမဲ့ ယူရိုပါလိဂ်မှာတော့ သိပ်မျှော်လင့်လို့ မရပါဘူး။ ဒါပေမဲ့ အိမ်ကွင်းပရိသတ်ရှေ့မှာ အဆုံးအဖြတ်ပွဲ ကစားရမှာဖြစ်လို့ အာရုံစိုက်ထားမှာတော့ သေချာသလောက်ရှိပါတယ်။ ဆလားဗီးယားပရပ်ဂ်ကလည်း ပြိုင်ပွဲစုံ (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားပြီး ချက်လိဂ်အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။ အူန်ယွန်းဘာလင်ပဲ အနိုင်ရဖို့များပါတယ်။

■ CSKA ဆိုဖီယာ နှင့် ရိုးမား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ရိုးမားအသင်း ဒီပွဲအနိုင်ကစားရင်တောင် အုပ်စုပထမနေရာအတွက် အာမခံချက်မရှိသေးဘူး။ ဒါပေမဲ့ စီးရီးအေမှာ (၂)ပွဲဆက်ရှုံးတဲ့အပြင် သွင်းဂိုးပါ ပျောက်ဆုံးခဲ့လို့ ဖိအားရှိလာတဲ့ နည်းပြ မော်ရင်ဟိုအဖို့ နောက်တစ်ဆင့်တက်ရောက်ပြီးသားဖြစ်ပေမဲ့ အသင်းပရိသတ်တွေ ကျေနပ်မှုရရှိအောင် လုပ်ဆောင်ပြဖို့တော့ လိုအပ်နေပါတယ်။ ရိုးမားအသင်း ဂိုးပြတ်နိုင်ဖို့များတယ်။

■ အယ်လ်ခမာ နှင့် ရန်းဒါးစ်  (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အယ်လ်ခမာအသင်းက အုပ်စုပထမနေရာသေချာနေပြီးသားဖြစ်လို့ ရန်းဒါးစ်အသင်းအဖို့တော့ မျှော်လင့်ချက်ရှိနေတာ အမှန်ပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲစုံအိမ်ကွင်း(၈)ပွဲဆက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို အယ်လ်ခမာ ဆက်ထိန်းနိုင်ဖို့အတွက် အားထည့် ကစားနိုင်တာ ထည့်တွက်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရန်းဒါးစ်အသင်း အမှတ်မျှော်လင့်လို့တော့ရတယ်။

■ ဇော်ယာ နှင့် ဘိုဒယ်ဂလင့်  (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အမှတ်ပြည့် မဖြစ်မနေယူရမယ့် ဘိုဒယ်ဂလင့် အနိုင်ကစားလိမ့်မယ်။


READ NEXT
Cancel OK