
လီဗာပူးလ်အသင်း အားပေးသူပရိသတ်များ၏ကိုယ်စားလှယ်များ ပါဝင်သည့် Supporters' Board တစ်ခုကိုဖွဲ့စည်းရန် ပရိသတ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း လီဗာပူးလ်အသင်းက ကြေညာခဲ့သည်။
လီဗာပူးလ်အသင်းသည် ဥရောပအသင်းကြီးများ ကျင်းပရန်စီစဉ်ခဲ့သော ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းအတွက် အသင်းပိုင်ရှင်များနှင့် ပရိသတ်များအကြား ကြီးမားသည့် ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ယင်းကဲ့သို့ ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ယင်းဘုတ်အဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းဘုတ်အဖွဲ့တွင် လီဗာပူးလ်အသင်းအားပေးသူများအဖွဲ့အစည်းတစ်ခုဖြစ်သည့် Spirit of Shankly Group မှ အဖွဲ့ဝင်(၁၀)ဦးနှင့် အခြားသော ပရိသတ်အဖွဲ့အစည်းများမှ အဖွဲ့ဝင်(၆)ဦးတို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ပရိသတ်များ ကြုံတွေ့နေရသည့် အချို့သောအရေးပါသည့် ကိစ္စရပ်များအတွက် အသင်းတာဝန်ရှိသူများ သိရှိနိုင်ရန် ယင်းဘုတ်အဖွဲ့က ဆောင်ရွက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း လီဗာပူးလ်အသင်းအမှုဆောင်ချုပ် ဘီလီဟိုဂန်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်