
အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ့်တွင် တောမီးများ လောင်ကျွမ်းနေမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။
လေပြင်းများ တိုက်ခတ်မှုကြောင့် ယခင်က မီးကူးစက်လောင်ကျွမ်းခြင်း မရှိသေးသည့် အိမ်နီးချင်းနေရာများအထိ မီးဆက်လက် ကူးစက်သွားသောကြောင့် ဇန်နဝါရီ ၁၁ ရက်တွင် ထောင်နှင့်ချီသည့် မီးသတ်သမားများက မီးငြိမ်းသတ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဇန်နဝါရီ ၁၁ ရက်က တောမီးဆက်လက်ကူးစက် ပျံ့နှံ့လျက်ရှိရာ တန်ဖိုးမဖြတ်နိုင်သော ပစ္စည်း များစုဆောင်းထားရှိသည့် Getty Center အနုပညာပြတိုက် တည်ရှိသည့် အရှေ့ဘက်ပိုင်းနှင့် လူဦးရေသိပ်သည်းသော ဆန်ဖာနန်ဒို တောင်ကြားဆီ ဆက်လက် ကူးစက်ပျံ့နှံ့လျက်ရှိသည်။
“ကျွန်မတို့ အတော်လေး ထိတ်လန့်နေပါတယ်။ မီးသတ်သမားတွေက ရေနဲ့ပက်ဖြန်းပြီး ငြိမ်းတိုင်း မီးကို အတော်လေး ထိန်းချုပ်နိုင်သွားပေမဲ့ နောက်ပိုင်းမှာ မီးကထပ်ပြီး ပြန်ဆိုးလာပါတယ်”ဟု ဒေသခံ ဆာရာကိုဟန်က ပြောကြားခဲ့သည်။
“စိုးရိမ်ရတဲ့ မီးဘေးအခြေအနေက ဒီနေ့(ဇန်နဝါရီ ၁၁ ရက်)မှာ တောင်ကယ်လီဖိုးနီးယားမှာ တစ်ဖန်မြင့် တက်လာပါတယ်။ နောက်ထပ် သီတင်းပတ်အထိ မီးဘေးထပ်မံ ကြာမြင့်နိုင်ပါတယ်” အမျိုးသား မိုးလေဝသ ဌာနက ဆိုသည် လူများကို အပြင်ဘက်တွင် သွားလာခြင်း မပြု ကြရန်နှင့် မဖြစ်မနေ သွားလာရန် လိုအပ်သည့် အခါတွင်လည်း မီးခိုးများမှ အဆိပ်ရှိ အမှုန်အမွှားများ ရှူရှိုက်မိခြင်းမရှိစေရန်အတွက် နှာခေါင်းစည်း တပ်ဆင်ထားကြရန် သတိပေး ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်