
၂၀၂၅ ခုနှစ် ကမ္ဘာ့ဟင်ဒီနေ့ အထိမ်းအမှတ်အခမ်းအနား ကို ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး၊ Swami Vivekananda ယဉ်ကျေးမှုစင်တာတွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိန္ဒိယနိုင်ငံ သံအမတ်ကြီး Shri Abhay Thakur နှင့် အခြားဧည့်သည်တော်များက ဆီမီးထွန်းပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဟင်ဒီနေ့ပွဲသည် ဟင်ဒီဘာသာစကား၏ ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုကို မီးမောင်းထိုးပြပြီး မြန်မာနိုင်ငံတွင် ဟင်ဒီဘာသာစကားသင်ယူလေ့လာမှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်းနှင့် ဟင်ဒီဘာသာစကားနှင့်အတူ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနှင့် မြန်မာနိုင်ငံတွင် ၎င်းတည်ရှိမှု တိုးတက်လာစေရန် ပြန်လည်ကြိုးပမ်းအားထုတ်မှုနှင့်နှစ်မြှုပ်ဆောင်ရွက်မှုကို ပြသရန် အားကောင်းသည့် ပလက်ဖောင်းတစ်ခုအဖြစ် အခမ်းအနားအား ကျင်းပခြင်းဖြစ်ကြောင်း အိန္ဒိယသံရုံးက ဆိုသည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး Shri Abhay Thakur က မိန့်ခွန်းပြောကြားရာတွင် ဟင်ဒီဘာသာစကားသည် ကမ္ဘာပေါ်၌ ထင်ရှားသော ဘာသာစကားများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်း၏ ကမ္ဘာနှင့်အဝှမ်းပျံနှံလာမှုနှင့် ပညာရေးဆိုင်ရာနယ်ပယ်တွင်လည်း ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်း တိုးလာကြောင်းနှင့် ဤအရာသည် မိမိတို့အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်စရာကိစ္စဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
အဆိုပါအစီအစဉ်တွင် ဟင်ဒီဘာသာဖြင့် ကဗျာရွတ်ဆိုခြင်း၊ ဟောပြောခြင်း၊ အထွေထွေဗဟုသုတပဟေဠိများနှင့် စာစီစာကုံးရေးခြင်းအပါအဝင် ကျောင်းသားများနှင့် ဆရာများအတွက် ပြိုင်ပွဲအမျိုးမျိုးကို အဓိကထားကျင်းပခဲ့ရာ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြသည်။ ဟင်ဒီဘာသာစကားကို စိတ်ဝင်စားကြသော ဝါသနာရှင်များ၊ စာရေးဆရာများ၊ ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်နှင့် ပညာရေးဆိုင်ရာနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ တက်ရောက်ခြင်းက အခမ်းအနားကို ဂုဏ်သိက္ခာတိုးစေပါသည်။ သံရုံးဒုတိယအကြီးအကဲ Shri Ashish Sharma ကိုယ်တိုင်ဦးဆောင်ပါဝင်ပြီး မြန်မာနိုင်ငံမှ အဖွဲ့အစည်းများဖြစ်သော UP Bihar Parishad၊ Ramayana Prachar Prasar Samiti, Yangon၊ Myanmar Hindi Teachers' Association၊ Arya Samaj နှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကြီးမှူးသော ကျောင်းများမှ ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အတူ အမှတ်တရလက်ဆောင်အဖြစ် SVCC ၏ ဒါရိုက်တာ Shri Ashish Khandhway ရေးသားပြုစု တည်းဖြတ်ထားသည့် "Hindi: Vishwa bandutav ki bhasha" စာအုပ်ကိုလည်း အခမ်းအနားတွင် မိတ်ဆက်ပြသခဲ့ပြီး မြန်မာနိုင်ငံရှိ ဟင်ဒီဘာသာစကားသင်ကျောင်းများသို့လည်း ဟင်ဒီပညာရေးမြှင့်တင်ရန် သံအမတ်ကြီးက ဖတ်စာအုပ်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များဖြင့် စတင်ခဲ့ပြီး နိုင်ငံတော်သီချင်းကို သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်