
■ ထင်ရှားကျော်ကြား ၂၀၂၄
၂၀၂၄ ခုနှစ်သည် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက အုပ်ချုပ်သည့် ကာလအတွင်း အလွန်ပြင်းထန်သည့်တိုက်ပွဲများ ဖြစ် ပွားခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။
အထူးသဖြင့် ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ တွင် အလွန်ပြင်းထန်သည့်တိုက်ပွဲများ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် TNLA အဖွဲ့က ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ် များရှိ တပ်မတော်၏ တပ်စခန်းများကို ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး MNDAA အဖွဲ့က ဇူ လိုင် ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၏ မြို့တော်ဖြစ်သည့် လားရှိုးမြို့ကို ထိုးစစ် ဆင် တိုက်ခိုက်ခဲ့သည်။
ယင်းစစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင် ရေး အပိုင်း (၂) အဖြစ် ညီနောင်မဟာမိတ် အဖွဲ့များက ခေါ်ဆိုသတ်မှတ်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၁) ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ ခြင်းဖြစ်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ် သညMNDAA၊ TNLA နှင့် AA တို့ ဦး ဆောင်သည့် ပူးပေါင်းအဖွဲ့များက ရှမ်း မြောက်ဒေသတွင် တိုက်ပွဲများ ဖော်ဆောင် ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှု ဖြင့် တိုက်ပွဲများ ရပ်တန့်ရေး နစက၏ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ကိုယ်စား လှယ်များ ကူမင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် ဟိုဂင်ဆွေးနွေးပွဲတွင် ရှမ်းမြောက်ဒေသ$ ယာယီအပစ်အခတ်ရပ်စဲရန် နှစ်ဖက်ကိုယ် စားလှယ်များအကြား သဘောတူညီမှု ရရှိခဲ့ သည်။
သို့သော်လည်း ရှမ်းမြောက်ဒေသတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်အဖွွွဲ့များ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ သည်။
တိုက်ပွဲများ ရပ်တန့်ရေး ရလဒ်ကောင်း များ ရရှိအောင် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိ သည့် အကျိုးဆက်အနေဖြင့် ညီနောင်မဟာ မိတ်သုံးဖွဲ့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များ သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ကာလ အတွင်း ရှမ်းမြောက်ဒေသရှိ အထင်ကရ မြို့ ကြီးအချို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သည်။
အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့ကို MNDAA အဖွဲ့ က တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းနှင့်အတူ ရှမ်း မြောက်ဒေသရှိ ကျောက်မဲ၊ နောင်ချို စသည့် မြို့အချို့နှင့် ရှမ်း -မန်း အစပ်ရှိ ပတ္တမြားမြေ မိုးကုတ်မြို့တို့ကို TNLA နှင့် ပူး ပေါင်းအဖွဲ့က တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိအချိန်အထိ ရှမ်းမြောက်ဒေသ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေများမှအပ အခြားသော မြို့ နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည်။
ကချင်ပြည်နယ် ဒေသတွင်းလက်နက် ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဦးဆောင် သည့် PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ အကြား ပြင်းထန်သောတိုက်ပွဲများ ၂၀၂၄ ခု နှစ်အတွင်း ဖြစ်ပွားခဲ့သည်။
KIA နှင့် ပူးပေါင်းအဖွဲ့သည် ကချင် ပြည်နယ်အတွင်းရှိ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပ ရာဘွမ်၊ ဆဒုံး၊ အင်ဂျန်းယန်၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ မိုးမောက်၊ မံစီ စသည့်မြို့များနှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့တို့အား တိုက်ခိုက် ထိန်းချုပ်ထားသည်။
ဒီဇင်ဘာလ အစောပိုင်းကာလတွင် KIA နှင့် ပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ဗန်းမော်တိုက်ပွဲ ပြင်းထန်နေသည့်ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင် သည့် KIO ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ် ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးခြင်းသည် ဗန်း မော်တိုက်ပွဲကို ရပ်တန့်ရေး ဆွေးနွေးခြင် းဖြစ် နိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက လေ့ လာသုံးသပ်သော်လည်း လက်ရှိအချိန်အထိ ဗန်းမော်ဒေသတွင် တိုက်ပွဲများပြင်းထန်နေ ဆဲဖြစ်သည်။
ရှမ်းမြောက်ဒေသနှင့် ကချင်ပြည်နယ် တို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းနှင့်အတူ ရခိုင်ပြည်နယ်တွင်လည်း ၂၀၂၄ ခုနှစ်အ တွင်း တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည် နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ် ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း AA အဖွဲ့ က ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နှင့် ဆမီးမြို့တို့ကို တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။
ဆက်လက်၍ ပေါက်တော၊ မင်းပြား၊ တောင်ပြို (လက်ဝဲ)၊ မြေပုံ၊ ရမ်းဗြဲ ကျောက် တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ပုဏ္ဏား ကျွန်းမြို့ စသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ များကိုလည်း AA အဖွဲ့က တိုက်ခိုက်ထိန်းချုပ် ခဲ့သည်။
AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝနှင့် ဆမီးမြို့တို့ကို ထိန်းချုပ်နိုင်ခဲ့ ခြင်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မြန်မာ-အိန္ဒိယနယ်စပ်တချို့အား ထိန်းချုပ် နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဒီဇင်ဘာလအတွင်းတွင် တပ်မတော် နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုပြင်း ထန်လာခဲ့သည်။
အထူးသဖြင့် AA အဖွဲ့က အမ်းမြို့နှင့် မောင်တော၊ တောင်ကုတ်မြို့တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ထိန်းချုပ်ရာတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
AA အနေဖြင့် လက်ရှိတွင် ဂွမြို့ကို ထိန်းချုပ်နိုင်ရန်အတွက် ထိုးစစ်ဆင်တိုက် ခိုက်နေပြီး ရခိုင်ပြည်နယ်တောင်ပိုင်းအထိ စစ်မျက်နှာ ကျယ်ပြန့်လာခဲ့သည်။
ဂွမြို့သည် ဧရာဝတီတိုင်းအစပ်တွင် တည်ရှိသည့်အတွက် AA အဖွဲ့အနေဖြင့် ဧရာဝတီတိုင်းအတွင်းအထိ ဝင်ရောက်တိုက် ခိုက်နိုင်ကြောင်း လေ့လာသုံးသပ်မှုများလည်း ရှိနေသည်။
ဒီဇင်ဘာ ၂၇ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ဘက်ဆိုင်ရာ အကြီးအကဲ များနှင့်အတူ ပုသိမ်မြို့သို့ သွားရောက်ခဲ့ သည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းသည် ပုသိမ်မြို့ နယ်မြေခံ သင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင် တန်းမှ သင်တန်းသွားများကို သွားရောက် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားနေပြီး အခြားသော ပြည်နယ်နှင့် တိုင်းဒေ သကြီးအချို့တွင်လည်း ပစ်ခတ်တိုက်ခိုက်မှု များ ရှိနေသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲအပြီးတွင် ဒေသအ များအပြား၌ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ၁၀၂၇ စစ်ဆင်ရေးအ တွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၎င်းင်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်မှုထမ်း ဆောင်ရန် လူငယ်များအား အမိန့်ထုတ်ပြန်ခေါ်ဆောင်ခြင်းများရှိသလို ၂၀၂၄ ခုနှစ် ဖေ ဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီက ပြည်သူ့စစ်မှု ထမ်းဥပဒေ အား အာဏာတည် အသက်ဝင် စေခဲ့သည်။
ယင်းဥပဒေသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက် ထက်ဖြစ်သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး နစက လက် ထက်မှသာ အာဏာအသက်ဝင်လာခြင်း လည်း ဖြစ်သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်း ၌ ဂယက်ရိုက်မှုများနှင့် သားသမီးရှိသည့် မိဘ များအကြား စိုးရိမ်သောကများ ရှိခဲ့သည်။
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပြည်သူ့စစ် မှုထမ်းဥပဒေတွင် အကျုံးဝင်သူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ ၁၃ သန်းရှိ သည်။
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၆ သန်းရှိသည့်အတွက် လူဦးရေ ၏ လေးပုံတစ်ပုံကျော်မှာ စစ်မှုထမ်းရမည့် အခြေအနေ ရှိလာခဲ့ခြင်းဖြစ်သည်။
နစကအစိုးရအနေဖြင့် ယင်းဥပဒေအ ရ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို အင်အား ၅၀၀၀ ဖြင့် စတင်ခဲ့ရာ ယခုအခါ ဒီဇင်ဘာ ၂၇ ရက်တွင် သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းခဲ့ပြီဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူများက မြန် မာနိုင်ငံအတွင်း တိုက်ပွဲများ ပြင်းထန်လာ ခြင်းနှင့်အတူ ယင်းဥပဒေက တပ်မတော်၏ အင်အားဖြည့်တင်းလိုခြင်းအပေါ် ထောက်ပြ ဝေဖန်ခဲ့သော်လည်း နစကဘက်ကမူ နိုင်ငံ သားတိုင်းသည် နိုင်ငံတော်ကိုကာကွယ်ရန် တာဝန်ရှိကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တိုက် ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး နစကဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အား တိုက်ပွဲများ ရပ်တန့်ရေးအတွက် ငြိမ်း ချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းထား သည်။
သို့သော်လည်း လက်ရှိအချိန်အထိ တပ် မတော်နှင့် တိုက်ပွဲများ ပြင်းထန်နေသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နစက အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ခြင်း မရှိသေးသကဲ့သို့ တိုက်ပွဲများ လည်း ပြင်းထန်စွာ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်