Top News

အသင်းမှ ချက်ချင်းထွက်ခွာခွင့်ပြုရန် ခွါရတ်စကယ်လီယာ တောင်းဆိုထားကြောင်း နာပိုလီအသင်းနည်းပြ ကွန်တီ အတည်ပြု
24htopnews | January 12, 2025 8:12 PM CST

 

နာပိုလီအသင်းနည်းပြ ကွန်တီက ဂျော်ဂျီယာတောင်ပံကစားသမား ခွါရတ်စကယ်လီယာအနေဖြင့် အသင်းမှ ချက်ချင်းထွက်ခွာခွင့်ပြုရန် တောင်းဆိုထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနှင့် နှိုင်းယှဉ်၍ "ခွါရာဒိုနာ"၊ မက်ဆီနှင့်နှိုင်းယှဉ် ၍ "ဂျော်ဂျီယာမက်ဆီ" အဖြစ် ချီးကျူးခံထားရသူ ခွါရတ်စကယ်လီယာသည် ၂၀၂၂-၂၀၂၃ ရာသီက နာပိုလီအသင်း စီးရီးအေချန်ပီယံ ဆုရရှိရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ 

ခွါရတ်စကယ်လီယာ၏စာချုပ်မှာ ၂၀၂၇ ခုနှစ်အထိ နှစ်နှစ်ခွဲကျန်ရှိနေသော်လည်း ၎င်းကအသင်းမှ ချက်ချင်းထွက်ခွာခွင့်ပြုရန် တောင်းဆိုထားကြောင်း အသင်းနည်းပြဖြစ်သူ ကွန်တီက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ကွန်တီက "ခွါရတ်စကယ်လီယာက အသင်းကထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော် သူနဲ့စကားပြောပြီးပါပြီ။ အသင်းကနေ ချက်ချင်းထွက်ခွာမယ့်အစီအစဉ်ကို သူကိုယ်တိုင်အတည်ပြုပါတယ်။ သက်တမ်းတိုးရမယ့် စာချုပ်တစ်ခု ရှိနေပါတယ်။ နှစ်ဖက်စလုံးကို လက်တွဲပြီး အတူဆက်လုပ်ဖို့အတွက် စည်းရုံးတာကို လုံလောက်အောင် ကျွန်တော်မလုပ်နိုင်ဘူးဆိုတာ သေချာပါတယ်။ အသင်းမှာမနေချင်တဲ့ ကစားသမားကို ချည်နှောင်မထားချင်တာကြောင့် ကျွန်တော့်ဘက်က ခြေတစ်လှမ်း ဆုတ်လိုက်ပါမယ်" ဟု ပြောကြားခဲ့သည်။

ခွါရတ်စကယ်လီယာကို PSG ၊ လီဗာပူးလ်၊ ချယ်လ်ဆီးစသည့် ဥရောပထိပ်တန်းကလပ်များစွာက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။


READ NEXT
Cancel OK