Top News

ပြည်ပသို့ ပြောင်းရွှေ့ခွင့်ပြုရန် အသင်းခေါင်းဆောင် ဝေါ်လ်ကာ တောင်းဆိုထားကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာပြောကြား
24htopnews | January 12, 2025 8:12 PM CST

 

ဆဲလ်ဖို့ဒ်အသင်းအား ရှစ်ဂိုးပြတ်အနိုင်ရသည့် FA ဖလားပွဲစဉ်အပြီးတွင် အသင်းခေါင်းဆောင် ညာနောက်ခံလူ ဝေါ်လ်ကာက ပြည်ပကလပ်များသို့ ပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုထားကြောင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။ 

ဝေါ်လ်ကာသည် အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ၎င်း၏စာချုပ်သက်တမ်းမှာ တစ်နှစ်ခွဲကျန်ရှိနေသော်လည်း ၎င်းက ပြည်ပကလပ်များသို့ ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

"ကိုင်းလ်က နိုင်ငံခြားမှာကစားခွင့်ရမယ့် ရွေးချယ်စရာတွေရှာဖွေဖို့ လွန်ခဲ့တဲ့နှစ်ရက်မှာ ပြောလာပါတယ်။ ဒီကာလတွေမှာ ကိုင်းလ်မပါရင် အသင်းက ဘာတွေလုပ်ခဲ့မလဲဆိုတာ ကျွန်တော်နားမလည်နိုင်ပါဘူး။ အဲဒါက မဖြစ်နိုင်ပါဘူး။ သူက ကျွန်တော်တို့အသင်းရဲ့ ညာနောက်ခံလူပါ။ ကျွန်တော်တို့မရှိတဲ့ အရာတစ်ခုကို သူကပေးခဲ့ပါတယ်။ အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့နောက်ဆုံး အချိန်ကာလတွေကို တခြားနိုင်ငံတစ်ခုမှာ ကစားခွင့်ရနိုင်မလားဆိုတာကို သူသိချင်နေတာပါ" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဝေါ်လ်ကာသည် ၂၀၁၇ ခုနှစ် ဇူလိုင်တွင် စပါးအသင်းမှ မန်စီးတီးသို့ပြောင်းရွှေ့လာခဲ့ပြီး ရှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံ ခြောက်ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှုများစွာရရှိထားသူဖြစ်သည်။


READ NEXT
Cancel OK