PSG တိုက်စစ်မှူး မူအာနီကို ခေါ်ယူရန်ကြိုးပမ်းနေကြောင်း စပါးနည်းပြ ပိုစတီကိုဂလူး ဝန်ခံ
24htopnews | January 12, 2025 7:12 PM CST

စပါးနည်းပြ ပိုစတီကိုဂလူးက ၎င်းတို့အသင်းအနေဖြင့် ယခုဇန်နဝါရီတွင် PSG တိုက်စစ်မှူး မူအာနီကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဝန်ခံပြောကြားခဲ့သည်။
စပါးအသင်းသည် ယခုနွေတွင် ဆလားဗီးယားပရပ်ဂ်အသင်းမှ ဂိုးသမား ကင်စကီးကို ခေါ်ယူပြီးနောက် ကစားသမားသစ်များထပ်မံခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် မူအာနီနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ပိုစတီကိုဂလူးက "အသင်းကို ကူညီနိုင်ဖို့ ကစားသမားတွေကို ကျွန်တော်တို့ရှာဖွေနေပါတယ်။ အသင်းမှာ ဒဏ်ရာရကစားသမား (၁၀) ယောက်လောက်ရှိနေပြီး ကျွန်တော်တို့အနေနဲ့ လိုတဲ့နေရာတွေမှာ အားဖြည့်သွားဖို့ ကြိုးပမ်းနေပါတယ်"ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် နောက်ခံကစားသမားလိုအပ်ချက်ရှိနေပြီး ယင်းနေရာကိုဖြည့်တင်းရန် မကြိုးစားဘဲ ရှေ့တန်းကစားသမား ခေါ်ယူရန်သာကြိုးပမ်းနေသည့်အတွက် ဝေဖန်မှုများရှိနေကြောင်းလည်းသိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်