Top News

အသင်းတိုက်စစ်ကစားသမား လီယာအိုအား ယူရိုသန်း (၁၂၀)ရလျှင် အေစီမီလန် ရောင်းချမည်ဖြစ်ကြောင်း အီတလီမီဒီယာများဖော်ပြ
24htopnews | January 12, 2025 7:12 PM CST

 

အေစီမီလန်အသင်းသည် အသင်းတိုက်စစ်ကစားသမား လီယာအိုအား ယူရိုသန်း (၁၂၀) ရလျှင် ရောင်းထုတ်မည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ လီယာအုုိသည် အေစီမီလန်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းတွင် ပျော်ရွှင်နေကြောင်းလည်း သိရသည်။ 

သို့သော် လီယာအုုိကိုခေါ်ယူရန် ထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြသဖြင့် အေစီမီလန်အသင်းက ၎င်းအတွက် စျေးနှုန်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

လီယာအိုသည် အေစီမီလန်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၂၃)ပွဲ တွင် (၆)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ထားသည်။ 


READ NEXT
Cancel OK